ချင်းမိုင်တိရစ္ဆာန်ရုံမှာ ကမ္ဘာ့ဖလားခန့်မှန်းပြီး စပိန်နှင့်အာဂျင်တီးနားနိုင်မည်ဟုပြော
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိတိရစ္ဆာန်ရုံတွင် ယနေ့(ဇူလိုင် ၁၄) ၌ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် နှစ်ပွဲစလုံးအတွက် ခန့်မှန်းပွဲကို ကျင်းပခဲ့ပြီး ကျားသစ်နက်က စပိန်ကို ရွေးချယ်ခဲ့ကာ ပန်ဒါနီ
(red panda)က အာဂျင်တီးနားကို အနိုင်ပေးခဲ့သည်။
ကျားသစ်နက်က စပိန်သည် ပြင်သစ်ကို အံ့အားသင့်ဖွယ် အနိုင်ရရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ပြီး၊ ပန်ဒါနီကလည်း လက်ရှိချန်ပီယံ အာဂျင်တီးနားသည် အင်္ဂလန်ကို အနိုင်ယူကာ နောက်ထပ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။
မှန်ကန်စွာ ခန့်မှန်းနိုင်သည့် မည်သည့်တိရစ္ဆာန်မဆို ၎င်းတို့အကြိုက်ဆုံး အစားအစာကို အထူးဆုအဖြစ် ရရှိမည်ဖြစ်သည်။
ယနေ့ ၊ နံနက် ၉ နာရီခွဲတွင် ချင်းမိုင်တိရစ္ဆာန်ရုံ၌ ပတ်ဝန်းကျင်ဆိုင်ရာ တိုးမြှင့်လှုံ့ဆော်မှု လုပ်ဆောင်ချက်ကို ၂၀၂၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နှင့် ချိတ်ဆက်ကာ ပျော်ရွှင်စရာ အစီအစဉ်တစ်ခုအဖြစ် ကျင်းပခဲ့ပြီး ၎င်း၏ နာမည်ကြီး တိရစ္ဆာန်များကို ရလဒ်များ ခန့်မှန်းရန် ခေါ်ဆောင်ခဲ့သည်။
အစီအစဉ်ကို “ယင်လီ” ဟုအမည်ရသည့် ကျားသစ်နက်မလေးက ပြင်သစ်နှင့် စပိန်ပွဲစဉ်ကို ခန့်မှန်းခြင်းဖြင့် စတင်ခဲ့သည်။ ဝန်ထမ်းများသည် အနံ့ခံအာရုံကို လှုံ့ဆော်ပေးရန်အတွက် အသင်းတစ်ခုစီကို ကိုယ်စားပြုသည့် ဘောလုံးများပေါ်တွင် အမဲသားကို ပွတ်တိုက်ပေးပြီးနောက် ရွေးချယ်ရန်အတွက် ၎င်း၏လှောင်အိမ်အတွင်း ထားရှိခဲ့သည်။
ယင်လီသည် သူမ၏ အနားယူရာအဆောင်မှ ထွက်လာပြီး စပိန်နိုင်ငံတော်အလံ အမှတ်အသားပါသော ဘောလုံးကို နမ်းခဲ့သည်။
ထို့နောက် “နောင်တိုက်ဂါး” ဟုအမည်ရသည့် ပန်ဒါနီက အင်္ဂလန်နှင့် အာဂျင်တီးနား ပွဲစဉ်ကို ခန့်မှန်းခဲ့သည်။ ဝန်ထမ်းများသည် ၎င်းအကြိုက်ဆုံး အစားအစာကို အသင်းတစ်ခုစီကို ကိုယ်စားပြုသည့် ဘူးများထဲတွင် ထည့်ပေးခဲ့သည်။
လှောင်အိမ်ထဲမှ လွှတ်ပေးလိုက်သောအခါ နောင်တိုက်ဂါးသည် အာဂျင်တီးနားအလံ အမှတ်အသားပါသော ဘူးရှိ အစားအစာဆီသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။
ချင်းမိုင်တိရစ္ဆာန်ရုံသည် ခရီးသွားများနှင့် ပြည်သူများကို ယင်လီနှင့် နောင်တိုက်ဂါးတို့၏ ခန့်မှန်းချက်များ မှန်ကန်မှု ရှိ၊ မရှိ စောင့်ကြည့်အားပေးရန် ဖိတ်ခေါ်ထားသည်။ ၂၀၂၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပြင်သစ်နှင့် စပိန်ပွဲစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ကစားမည်ဖြစ်ပြီး အင်္ဂလန်နှင့် အာဂျင်တီးနားပွဲစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် ကစားမည်ဖြစ်သည်။
မည်သည့်တိရစ္ဆာန်မဆို မှန်ကန်စွာ ခန့်မှန်းနိုင်ပါက ချင်းမိုင်တိရစ္ဆာန်ရုံက ၎င်းတို့ကို နောက်ထပ်တစ်ကြိမ် ဆုချီးမြှင့်မည်ဖြစ်သည်။
Ref / Photo – Screengrab/guruguroochiangmai
#MigrantTimes
#ချင်းမိုင်
#ကမ္ဘာ့ဖလား
#ထိုင်း
#thailand
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes