ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီလာချာမြို့နယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက မြန်မာလုပ်သား ၁၁ဝဦးရဲ့လုပ်ခ ဘတ် ၂ သန်းကျော် (၂,၂၂၀,၀၀၀)မရရှိတဲ့အတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ကထုတ်ပြန်ပါတယ်။
မြန်မာလုပ်သားတွေရဲ့ ရက် ၄၀ စာ လုပ်အားခ ဘတ် ၂ သန်းကျော်ကို အလုပ်ရှင်ကမရှင်းပေးပဲ ဇွန်လ ၂၇ ရက်နေ့မှာ အလုပ်နားခဲ့တာလို့ သိရပါတယ်။
WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက
“လက်ရှိတော့ ကျွန်တော်တို့ မြို့နယ် ဆဝါဒီကန်(အလုပ်သမားရုံး)မှာ လာပြီးအကူအညီတောင်းတယ်ပေါ့ ။ ဘာလို့လဲဆိုတော့ သူတို့က တိုင်လို့မရတဲ့အနေထားဖြစ်နေတယ်။ ဘာလို့ဆိုင်မရလဲဆိုတော့ သူတို့မှာက စာရွက်စာတမ်းမပြည့်စုံဘူးဖြစ်နေတယ်။ ကျွန်တော်တို့က ဒီစက်ရုံကို အဖွဲ့စုံနဲ့ ဝင်စစ်ဆေးဖို့တောင်းဆိုတဲ့အချိန်မှာ သူတို့ကတော့ ဝင်စစ်မယ်။ ဒါပေမဲ့ အလုပ်သမားတွေမှာ စာရွက်စာတမ်းတွေ မပြည့်စုံတာတွေတွေ့နေရတော့ သူတို့ဝင်စစ်တဲ့အချိန် မပြည့်စုံတဲ့လူတွေရှိရင်တော့ အဖမ်းခံရမဲ့အနေအထား ရှိနေတဲ့အတွက် ကျွန်တော်တို့ စကားပြောနေတုန်းပါပဲ” လို့ Migrant Times ကိုပြောပါတယ်။
မြန်မာအလုပ်သမားတွေဟာ အဲ့ဒီစက်ရုံမှာ လုပ်သက် ၁ နှစ်ကနေ ၃ နှစ် အထိရှိကြပြီး အလုပ်ဝင်ဖို့အတွက် အလုပ်သမားခေါင်းဆောင် ဝနကို စမတ်ကြေး (အလုပ်သွင်းပေးခ) တစ်ဦးကို ဘတ် ၂,၀၀၀ စီပေးခဲ့ရတယ်လို့ သိရပါတယ်။
အလုပ်သမားတွေက လုပ်ခမရတာကြောင့် WAG အဖွဲ့ကိုဇူလိုင်လ ၈ ရက်နေ့မှာ အကူအညီတောင်းခံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
#MigrantTimes
#ရွှေ့ပြောင်း
#အလုပ်သမား
#ထိုင်း
#ချွန်ဘူရီ
#thailand
Facebook https://www.facebook.com/migranttimes
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttime