MMK Hub
News

ဖူးခက်တွင် တာ၀န်ယူမှုရှိသော စီးပွားရေးလုပ်ငန်းမြှင့်တင်ရေး ဥပဒေ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့ရှိ The Proud Hotelတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းမြှင့်တင်ရေး ဥပဒေ (Responsible Business Act)အလုပ်ရုံဆွေးနွေးပွဲကို ယမ‌န်နေ့ (ဇူလိုင် ၈ ) ကကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို တရားရေးဝန်ကြီးဌာန (Ministry of Justice) ၊ ASEAN-Act ၊ Global Compact Network ၊ UNDP နှင့် EU တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဒေသဆိုင်ရာ ထိုင်းနှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်း‌များ တက်ရောက်ခဲ့သည်။

“အထူးသဖြင့်ကတော့ ဒေသအလိုက် အခြေအနေတွေ အလုပ်သမားတွေရဲ့ အသံတွေ နဲ့ CSOs တွေရဲ့ အခန်းကဏ္ဍကို ဥပဒေအကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်တွေမှာ ပိုမိုထည့်သွင်းစဉ်းစားသင့်တယ်လို့ မြင်မိပါတယ် ။ ဒီလို ဆွေးနွေးညှိနှိုင်းမှုတွေက ဥပဒေကို ပိုမိုလက်တွေ့ကျပြီး ပါဝင်ပတ်သက်သူအားလုံးအတွက် အကျိုးရှိစေမယ့် မူဘောင်တစ်ရပ်ဖြစ်လာစေဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်” ဟု တက်ရောက်ခဲ့သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) စီမံကိန်းဒါရိုက်တာက Migrant Times ကိုပြောသည်။

၎င်းဆွေးနွေးပွဲသည် တာဝန်ယူမှုရှိ‌သော စီးပွားရေးလုပ်ငန်းမြှင့်တင်ရေးဥပဒေ (မူကြမ်း)အတွက် အရပ်ဘက်အဖွဲ့အစည်း‌များ၏ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖလှယ်ရန်ဖြစ်ကြောင်း တက်ရောက်ခဲ့သူကဆက်ပြောသည်။

ဟိုတယ်ဝန်ထမ်း၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး နှင့် ရေလုပ်ငန်းမှတာဝန်ရှိသူများက တက်ရောက်ခဲ့ပြီး လတ်တလောကြုံတွေ့နေရသည့် လုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများနှင့် အခက်အခဲများကို ဥပဒေမှုကြမ်းထဲရှိ အချက်များနှင့် ချိတ်ဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Photo – Migrant Times

#MigrantTimes
#ရွှေ့ပြောင်း
#အလုပ်သမား
#ထိုင်း
#thailand

Facebook https://www.facebook.com/migranttimes
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttime