MMK Hub
News

ထိုင်းမှာ ဩဂုတ်ကစပြီး အလုပ်သမားဆိုင်ရာ တိုင်ကြားမှုစနစ်တစ်ခုစမည်

ထိုင်းအစိုးရသည် လာမည့်လဆန်းပိုင်းတွင် Traffy Fondue ပလတ်ဖောင်းမှတစ်ဆင့် အလုပ်သမားဆိုင်ရာ တိုင်ကြားမှုစနစ်တစ်ခုကို စတင်ရန် စီစဉ်နေသည်။
အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး Patdarasm က အလုပ်သမား ၄၅ သန်းကျော်အတွက် အကူအညီရယူနိုင်ခွင့် ပိုမိုကောင်းမွန်လာစေရန် အလုပ်သမားဝန်ကြီးဌာနသည် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ယင်းစနစ်ကို တီထွင်ဖော်ထုတ်နေကြောင်း ပြောကြားသည်။
၎င်းစတင်လိုက်သည်နှင့် Traffy Fondue သည် လုပ်ခလစာ၊ လူမှုဖူလုံရေး၊ လုပ်ငန်းခွင်အခြေအနေနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ တိုင်ကြားချက်များအတွက် အဓိကလမ်းကြောင်းအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။
အလုပ်သမားများသည် ၎င်းတို့၏ စမတ်ဖုန်းများကို အသုံးပြု၍ တိုင်ကြားစာနှင့် နောက်ခံအထောက်အထားစာရွက်စာတမ်းများကို တင်ပြနိုင်မည်ဖြစ်သည်။ အေအိုင် (AI) စနစ်က တိုင်ကြားချက်ကို ခွဲခြမ်းစိတ်ဖြာပြီး တာဝန်ရှိသည့် အေဂျင်စီထံ တိုက်ရိုက်ပေးပို့သွားမည်ဖြစ်ကာ အသုံးပြုသူများအနေဖြင့်လည်း ဆောင်ရွက်ချက်တိုးတက်မှုအခြေအနေကို အချိန်နှင့်တပြေးညီ စောင့်ကြည့်စစ်ဆေးနိုင်မည်ဖြစ်သည်။
Ref – Bangkok Post
Photo – CJ/FB – ထိုင်းရောက် မြန်မာလုပ်သားများ(ပုံဟောင်း)

#MigrantTimes
#ရွှေ့ပြောင်း
#အလုပ်သမား
#ထိုင်း
#thailand

Facebook https://www.facebook.com/migranttimes
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttime