MMK Hub
News

ချွန်ဘူရီ ဘော်ဝင်းရပ်ကွက်က မြန်မာဆိုင်တွေကိုဝင်စစ်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့နယ် ၊ ဘော်ဝင်းရပ်ကွက်ရှိ မြန်မာနိုင်ငံသားတွေဖွင့်လှစ်ထားတဲ့ စူပါမားကတ်နဲ့ ဆံသဆိုင်တွေကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။
မြန်မာအလုပ်သမားတွေ နေထိုင်ရာ ဘော်ဝင်(Bowin) ရပ်ကွက် ၊ မူ ၃ ရှိ ဂျာရွန်ဆင် (Charoensilp) ကွန်ဒိုကို စီရာချာ (Sriracha) ခရိုင် အုပ်ချုပ်ရေးအရာရှိတွေ ဇူလိုင် ၇ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့တာပါ။
စစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံသားတွေက အခွန်ပေးဆောင်ခြင်းမရှိဘဲ မြန်မာကုန်ပစ္စည်းတွေရောင်းချနေတာတွေ့ခဲ့ပြီး ဆံသဆိုင်ကိုလည်း မြန်မာတွေက ဖွင့်လှစ်လုပ်ကိုင်နေတာတွေ့ခဲ့တယ်လို့ အုပ်ချုပ်ရေးအရာရှိတွေကပြောပါတယ်။
မြန်မာတံဆိပ်ထုတ်ကုန်တွေနဲ့ဆံသဆိုင်ကို သိမ်းဆည်းမှတ်တမ်းတင်ခဲ့ပြီး ဥပဒေအရ အရေးယူမှုဖို့ စီရာချာခရိုင်ရုံးကို လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။

#MigrantTimes
#ရွှေ့ပြောင်း
#အလုပ်သမား
#ထိုင်း
#ချွန်ဘူရီ
#thailand

Facebook https://www.facebook.com/migranttimes
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttime