ကမ္ဘောဒီးယားအာဏာပိုင်များက အွန်လိုင်းလိမ်လည်သည့် စကမ်မာလုပ်ငန်းများအား နှိမ်နင်းဖမ်းဆီးမှုအတွင်း ဖမ်းမိခဲ့သည့် ထိုင်းနိုင်ငံသား ၇၂ ဦးကို ပြန်လွှဲပြောင်းခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ယနေ့ ၊ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ထိုင်းတာဝန်ရှိသူများသည် စရကဲခရိုင်၊ အရဉ္စပရထက်မြို့နယ်၊ ဘန်ကလောင်လပ် နယ်စပ်ဂိတ်ရှိ ဘူရဖာစစ်ဌာနချုပ်နယ်မြေတွင် ကမ္ဘောဒီးယားအာဏာပိုင်များက ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ထိုင်းနိုင်ငံသား ၇၂ ဦးကို လက်ခံခဲ့ခြင်းဖြစ်သည်။
ပြန်လည်ရောက်ရှိလာသူများကို လူကုန်ကူးမှု ခံရသူများ ပါဝင်ခြင်း ရှိမရှိစစ်ဆေးခဲ့ပြီး အခြေခံအကူအညီများကို ပေးအပ်ခဲ့သည်။ ပြန်လည်လက်ခံခြင်းသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ အွန်လိုင်းလိမ်လည်မှုများကို ကာကွယ်သည့် အစီအမံများကို မြှင့်တင်ရန်နှင့် ထိုင်းနိုင်ငံသားများ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း တရားမျှတမှု ရရှိစေရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းကဖော်ပြသည်။
#MigrantTimes
#ရွှေ့ပြောင်း
#အလုပ်သမား
#ထိုင်း
#ကမ္ဘောဒီးယား
#thailand
Facebook https://www.facebook.com/migranttimes
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttime