MMK Hub
News

လုပ်ငန်းခွင်ထိခိုက်ခဲ့သည့် မြန်မာလုပ်သား ၁ ဦး နစ်နာကြေး ဘတ် ၅ သိန်းရ

ထိုင်းနိုင်ငံ၊ အယုဒ္ဓမြို့နယ်တွင် လုပ်ငန်းခွင်ထိခိုက်ခဲ့သည့် မြန်မာအလုပ်သမား ၁ ဦး၏ နစ်နာကြေး ဘတ် ၅ သိန်းရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
၎င်းသည် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စင်ထိဝါရပ်ကွက်အတွင်းရှိ သံထည်နှင့် ထွန်စက် အပိုပစ္စည်းစက်ရုံ၌ မတော်တဆထိခိုက်မှုဖြစ်ရာမှ လက်ကောက်ဝတ်အထက်နားထိဖြတ်ခဲ့ရခြင်းဖြစ်သည်။
မြန်မာအလုပ်သမား ကိုအာကာဖြိုးသည် သူ၏ထိခိုက်ဆုံးရှုံးမှုအတွက် နစ်နာကြေးရရှိရန် WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
“အဓိကတော့ သူက စာရွက်စာတမ်းကမပြည့်စုံသေးဘူး။ တရားမဝင်အလုပ်သမားဖြစ်နေတယ်ပေါ့နော်။ အလုပ်လုပ်နေတာ လေးရက်ပဲရှိသေးတာဖြစ်တော့ မြို့နယ် ဆဝါဒီကန်(အလုပ်သမားရုံး)နဲ့ မြို့နယ် ပကန်စခွန်(လူမှုဖူလုံရေး)ကို ဒီအလုပ်သမားအတွက် ရရှိဖို့ညှိနှိုင်းပေးခဲ့ရတာပါ” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
ယင်းကိစ္စကို WAG အဖွဲ့ နှင့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၊ အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးဌာနတို့က ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo – WAG

#MigrantTimes
#အလုပ်သမား
#ရွှေ့ပြောင်း
#ထိုင်း
#thailand

YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes