မလေးရှားနိုင်ငံ ၊ ကဒါးပြည်နယ်၊ ကွာလာမူဒါတစ်ဝိုက်ကို ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၃ ရက်မှာဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၁၅ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦးတို့ ထိန်းသိမ်းခံခဲ့ရပါတယ်။
လုပ်ငန်းခွင်နေရာ (၈) ခုကို စစ်ဆေးခဲ့ပြီး မလေးရှားနိုင်ငံသား ၅၂ ဦးနဲ့ နိုင်ငံခြားသား ၂၄ ဦး အပါအဝင် စုစုပေါင်း လူဦးရေ ၇၆ ဦးတို့ကို စစ်ဆေးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) ကထုတ်ပြန်ပါတယ်။
အဲ့ဒီထဲက တရားမဝင်ဝင်ရောက်နေထိုင်သူ ၂၂ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေတွေအရ ပြစ်မှုအမျိုးမျိုးကျူးလွန်တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
ထိန်းသိမ်းခံရသူတွေမှာ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင်ခရီးသွားစာရွက်စာတမ်း မရှိခြင်း၊ ခွင့်ပြုထားတဲ့ကာလထက် ကျော်လွန်ပြီး မလေးရှားနိုင်ငံမှာနေထိုင်ခြင်း၊ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်ပါ စည်းကမ်းချက်တွေကို ချိုးဖောက်ခြင်းတွေပါဝင်တယ်လို့ JIM ကဆိုပါတယ်။
ထိန်းသိမ်းခံရသူ နိုင်ငံခြားသားအားလုံးကို ဆက်လက်စုံစမ်းစစ်ဆေးဖို့အတွက် ဘီလန်တစ် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Photo – JIM
#MigrantTimes
#မလေးရှား
#အလုပ်သမား
#ရွှေ့ပြောင်း
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes