MMK Hub
Embassy

Embassy notices

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်းမြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဆောင်ရွက်ပေးမည့် နိုင်ငံသားဆိုင်ရာ လုပ်ငန်း(၄)မျိုးနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

Bangkok

Published July 15, 2026 · Effective 2026-07-15

Verify with the embassy

MMK Hub is not a government website. We summarise publicly available consular information and link to official sources. Hours, fees, and requirements can change — always confirm directly with the embassy before you visit.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်းမြန်မာရွှေ့ပြောင်း အလုပ်သမားများသို့
အသိပေးကြေညာချက်

၁။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်းမြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အောက်ဖော်ပြပါ နိုင်ငံသားဆိုင်ရာ လုပ်ငန်း(၄)မျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

( က ) မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)နှင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်း (ပုံစံ နိုင်-၂)တွင် သားသမီးအမည်စာရင်း ထည့်သွင်းခြင်း။

( ခ ) အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)ရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသည့် အခွန်ထမ်းအိမ်ထောင်စုဝင်များအား အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များ ဥပဒေနှင့်အညီ ထုတ်ပေးခြင်း။

( ဂ ) အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမှ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်ထုတ်ပေးခြင်း။

( ဃ ) အခွန်ထမ်းနိုင်ငံသားများနှင့် မိသားစုဝင်များ ကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ပျက်စီး/ ဟောင်းနွမ်းပါက e-ID စနစ်ဖြင့် စစ်ဆေး၍ မိတ္တူထုတ်ပေးခြင်း။

၂။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်းမြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားဆိုင်ရာလုပ်ငန်းများ လျှောက်ထားရာတွင် ပါရှိရမည့်အထောက်အထားများနှင့်ပုံစံများအား လျှောက်ထားမည့်ခေါင်းစဉ်အလိုက် အောက်ပါလင့်များတွင် download ဆွဲယူနိုင်ပါသည်။

(က) မိဘ၏အိမ်ထောင်စုလူဦးရေစာရင်းတွင်သားသမီးအမည်စာရင်း(မွေးတိုး)ထည့်သွင်းခြင်း

လျှောက်လွှာနှင့်ပုံစံများ

ပုံစံ နိုင်-၈

( ခ ) အသက်(၁၀)/(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားခြင်း

လျှောက်လွှာနှင့်ပုံစံများ

မျိုးရိုးစဉ်ဆက်ဇယား

ပုံစံနိုင်-၂

( ဂ ) အသက်(၁၀)မှအသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်လျှောက်ထားခြင်း

လျှောက်လွှာနှင့်ပုံစံများ

မျိုးရိုးစဉ်ဆက်ဇယား

ပုံစံနိုင်-၂

(ဃ) အသက်(၁၀)/(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး/ပျက်စီးလျှောက်ထား ခြင်း

လျှောက်လွှာနှင့်ပုံစံများ

မျိုးရိုးစဉ်ဆက်ဇယား

ပုံစံနိုင်-၂

ပုံစံ ထွေ-၄

မိဘ၏အိမ်ထောင်စုလူဦးရေစာရင်းတွင် သားသမီးအမည်စာရင်း (မွေးတိုး) ထည့်သွင်းခြင်း

မိဘ၏အိမ်ထောင်စုလူဦးရေစာရင်းတွင်သားသမီး အမည်စာရင်း(မွေးတိုး)ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အောက်ပါအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်။

(က) မိဘ(သို့မဟုတ်)အုပ်ထိန်းသူ၏လျှောက်လွှာ (နမူနာပုံစံ-A01) (၁) စောင်

( ခ ) မိဘ(၂)ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ၊ (၁) စောင်

( ဂ ) အိမ်ထောင်စုလူဦးရေစာရင်း မူရင်း/မိတ္တူနှင့် လက်ထပ်စာချုပ်မိတ္တူ (၁) စောင်

(ဃ) မိဘ(၂)ဦး၏ မြန်မာနိုင်ငံကူးလက်မှတ် မူရင်း/မိတ္တူ၊ C of I မူရင်း/မိတ္တူ၊ မိဘ(၂)ဦး၏ အခွန်ထမ်းအထောက်အထား မူရင်း/မိတ္တူ (၁) စောင်

( င ) မွေးစာရင်းမူရင်း(သို့မဟုတ်)မွေးဖွားကြောင်းအထောက်အထား လက်မှတ်မူရင်း/မိတ္တူ (၁) စောင်

( စ ) ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၏မွေးဖွားကြောင်းထောက်ခံချက်မူရင်း/ မိတ္တူနှင့် နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားခြင်း မှတ်တမ်း(ပုံစံ နိုင်-၈) (၁) စောင်

(ဆ) မိဘ(၂)ဦး၏သား/သမီးအရင်းဖြစ်ကြောင်း ဝန်ခံကတိပြုချက်(နမူနာပုံစံ-A02) (၁) စောင်

( ဇ ) အိမ်ထောင်ဦးစီး၏ သဘောတူခွင့်ပြုကြောင်း တင်ပြစာ (နမူနာပုံစံ-A03)(၁) စောင်

( ဈ ) မွေးစာရင်းအမည်ထည့်သွင်းမည့်သူနှင့် ၎င်း၏မိဘ(၂)ပါးသည် အခြား နိုင်ငံ၏နိုင်ငံသားအဖြစ်ခံယူထားခြင်းမရှိကြောင်း၊အခြားနိုင်ငံကူးလက်မှတ် (သို့မဟုတ်)အလားတူလက်မှတ်ကို ကိုင်ဆောင်ထားခြင်းမရှိကြောင်း မိဘ(၂)ပါး ၏ဝန်ခံကတိပြုချက် (နမူနာပုံစံ-A04)(၁) စောင်

အသက်(၁၀)/(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားခြင်းနှင့်ပတ်သက်၍ အောက်ပါအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်။

(က) ကာယကံရှင်လျှောက်လွှာ (နမူနာပုံစံ-B01) (၁) စောင်

( ခ ) မျိုးရိုးစဉ်ဆက်ဇယား (၁) စောင်

( ဂ ) နိုင်ငံသား၏ကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂) (၁) စောင်

(ဃ) (၀.၈ × ၀.၈) အရွယ်ဓါတ်ပုံ(မျက်မှန်မပါ) (၄) ပုံ

( င ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ (၁) စောင်

( စ ) အသက်အတွက်ကျောင်းထောက်ခံချက်(သို့မဟုတ်)မွေးစာရင်းမူရင်း/မိတ္တူ (၁) စောင်

(ဆ) မိဘနှစ်ဦး၏နိုင်ငံသားစိစစ်ရေးကတ်ပြားလက်မှတ်မိတ္တူ (၁) စောင်

( ဇ ) သွေးအုပ်စုသတ်မှတ်ချက်လက်မှတ် (၁) စောင်

( ဈ ) မိဘ/ကာယကံရှင်၏အခွန်ထမ်းဆောင်ပြီးကြောင်းပြေစာမိတ္တူနှင့် မြန်မာသံရုံး၏ထောက်ခံချက် (၁) စောင်

(ည) မြန်မာနိုင်ငံကူးလက်မှတ်မူရင်း/မိတ္တူ(သို့မဟုတ်)C ၀f I (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) မူရင်းပါရှိရမည်။ (၁) စောင်

( ဋ ) နိုင်ငံသားစိစစ်ရေးကတ်ပြားအားတစ်ကြိမ်တစ်ခါမျှလျှောက်ထား ရယူကိုင်ဆောင်ခဲ့ဘူးခြင်းမရှိကြောင်းဝန်ခံကတိပြုချက်(နမူနာပုံစံ-B02) (၁) စောင်

( ဌ ) ကာယကံရှင်/မိဘ(၂)ပါးသည်အခြားနိုင်ငံ၏နိုင်ငံသားအဖြစ်ခံယူထားခြင်း မရှိကြောင်း၊အခြားနိုင်ငံကူးလက်မှတ်(သို့မဟုတ်)အလားတူလက်မှတ်ကို ကိုင်ဆောင်ထားခြင်း မရှိကြောင်း ဝန်ခံကတိပြုချက် (နမူနာပုံစံ-B03) (၁) စောင်

အသက်(၁၀)မှအသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်လျှောက်ထားခြင်း

အသက်(၁၀)နှစ်ပြည့်မှအသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အောက်ပါအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်။

(က) ကာယကံရှင်လျှောက်လွှာ (နမူနာပုံစံ-C01) (၁) စောင်

( ခ ) မျိုးရိုးစဉ်ဆက်ဇယား (၁) စောင်

( ဂ ) နိုင်ငံသား၏ကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂) (၁) စောင်

(ဃ ) (၀.၈ × ၀.၈) အရွယ်ဓါတ်ပုံ(မျက်မှန်မပါ) (၄) ပုံ

( င ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ (၁) စောင်

( စ ) လက်ရှိကိုင်ဆောင်ထားသော အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းပါရှိရမည်။(မူရင်းမတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ်ပါသောအထောက်အထားတစ်ခုခုပါရှိရမည်) (၁) စောင်

(ဆ) မိဘနှစ်ဦး၏နိုင်ငံသားစိစစ်ရေးကတ်ပြားလက်မှတ်မိတ္တူ (၁) စောင်

( ဇ ) မြန်မာနိုင်ငံကူးလက်မှတ်မူရင်း/မိတ္တူ(သို့မဟုတ်)C ၀f I (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) မူရင်းပါရှိရမည်။ (၁) စောင်

( ဈ ) သွေးအုပ်စုသတ်မှတ်ချက်လက်မှတ် (၁) စောင်

(ည) မိဘ/ကာယကံရှင်၏အခွန်ထမ်းဆောင်ပြီးကြောင်းပြေစာမိတ္တူနှင့် မြန်မာသံရုံး၏ထောက်ခံချက် (၁) စောင်

( ဋ ) အခြားနိုင်ငံ၏နိုင်ငံသားအဖြစ်ခံယူထားခြင်း မရှိကြောင်း၊အခြားနိုင်ငံကူးလက်မှတ်(သို့မဟုတ်) အလားတူလက်မှတ်ကို ကိုင်ဆောင်ထားခြင်း မရှိကြောင်း ဝန်ခံကတိပြုချက် (နမူနာပုံစံ-C02) (၁) စောင်

အသက်(၁၀)/(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး/ပျက်စီး လျှောက်ထားခြင်း

အသက်(၁၀)/(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး လျှောက်ထားခြင်းနှင့် ပတ်သက်၍ အောက်ပါအထောက်အထားများနှင့်အတူလျှောက်ထားရပါမည်။

(က) ကာယကံရှင်လျှောက်လွှာ (နမူနာပုံစံ-D01) (၁) စောင်

( ခ ) မျိုးရိုးစဉ်ဆက်ဇယား (၁) စောင်

( ဂ ) နိုင်ငံသား၏ကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂) (၁) စောင်

(ဃ) (၀.၈ × ၀.၈) အရွယ်ဓါတ်ပုံ(မျက်မှန်မပါ) (၄) ပုံ

( င ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ (၁) စောင်

( စ ) လက်ရှိကိုင်ဆောင်ထားသော အသက်(၁၀)/(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ/မူရင်း(မူရင်းမတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်ပါသောအထောက်အထား တစ်ခုခုပါရှိရမည်) (၁) စောင်

(ဆ) မိဘနှစ်ဦး၏နိုင်ငံသားစိစစ်ရေးကတ်ပြားလက်မှတ်မိတ္တူ (၁) စောင်

( ဇ ) မြန်မာနိုင်ငံကူးလက်မှတ်မူရင်း/မိတ္တူ(သို့မဟုတ်)C ၀f I (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) မူရင်းပါရှိရမည်။ (၁) စောင်

( ဈ ) သွေးအုပ်စုသတ်မှတ်ချက်လက်မှတ် (၁) စောင်

(ည) မိဘ/ကာယကံရှင်၏အခွန်ထမ်းဆောင်ပြီးကြောင်းပြေစာမိတ္တူနှင့် မြန်မာသံရုံး၏ထောက်ခံချက် (၁) စောင်

( ဋ ) ပျောက်ဆုံး/ပျက်စီးခြင်းအတွက် အကြောင်းအရာ ဖော်ပြချက် မှတ်တမ်း (ပုံစံ ထွေ-၄) (၁) စောင်

( ဌ ) အခြားနိုင်ငံ၏နိုင်ငံသားအဖြစ်ခံယူထားခြင်း မရှိကြောင်း၊အခြားနိုင်ငံကူးလက်မှတ်(သို့မဟုတ်) အလားတူလက်မှတ်ကို ကိုင်ဆောင်ထားခြင်း မရှိကြောင်း ဝန်ခံကတိပြုချက် (နမူနာပုံစံ-D02) (၁) စောင်

၃။ ပေးပို့လျှောက်ထားလာသည့်အထောက်အထားများတွင် အောက်ပါအချက်အလက်များ စိစစ် တွေ့ရှိရပါက ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

(က) လျှောက်ထားလာသည့်အချက်အလက်များအား စိစစ်ရာတွင် မှန်ကန်မှု မရှိခြင်း၊

( ခ ) အချက်အလက်များ ပြည့်စုံစွာ လျှောက်ထားလာမှု မရှိခြင်း၊

( ဂ ) ဓာတ်ပုံထင်ရှားပြတ်သားမှုမရှိခြင်း၊

(ဃ) တင်ပြပါအထောက်အထားများသည်အတုဟုယူဆရခြင်း၊

( င ) ကာယကံရှင်နှင့်၎င်း၏မိဘဆွေမျိုးသားချင်းများအား ဆက်သွယ်ရန်ဖုန်းနံပါတ်များ နှင့် e-mail များ မပါရှိခြင်း၊

( စ ) ဖော်ပြထားသည့်ဖုန်းနံပါတ်နှင့် e-mail များသို့ ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရခြင်း။

၄။ နိုင်ငံသားဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်းအတွက် ငွေကောက်ခံနှုန်းထားနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ထိုင်းနိုင်ငံသုံးဘတ်ငွေဖြင့် ကောက်ခံသွားမည်ဖြစ်ပါသည်။

စဉ်အကြောင်းအရာကောက်ခံသွားမည့်
အခငွေ
မှတ်ချက်
၁။မွေးဖွားကြောင်းအထောက်အထား လက်မှတ်ပုံစံ ထွေ-၁(က)(၁၀) ဘတ်မွေးတိုး
၂။အသက်(၁၀)နှစ်ပြည့် နိုင်-၃(က)(၆၀) ဘတ် 
၃။အသက်(၁၈)နှစ်ပြည့်  နိုင်-၆(က)(၆၀) ဘတ် 
၄။အသက်(၁၀)နှစ်ပြည့်မှ(၁၈)နှစ်ပြည့် လဲလှယ် နိုင်-၆(က)(၃၀) ဘတ် 
၅။ပျောက်ဆုံး/ပျက်စီး/မိတ္တူ နိုင်-၃(က)/နိုင်-၆(က)(၁၀၀) ဘတ် 
၆။မွေးတိုးနှစ်လွန် ဒဏ်ကြေး(၁၀၀) ဘတ်၁နှစ်ပျက်ကွက် 
၇။မွေးတိုးနှစ်လွန် ဒဏ်ကြေး(၅၀၀) ဘတ်၅နှစ်ဆက်တိုက်ပျက်ကွက် 


၅။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်းမြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားဆိုင်ရာလုပ်ငန်းများ လျှောက်ထားရာတွင် ပါရှိရမည့်အထောက်အထားများနှင့်ပုံစံများအား မြန်မာသံရုံး၊ ဗန်ကောက်မြို့၊ Immigration Attache လုပ်ငန်းအဖွဲ့မှ ဖြန့်ဝေသွားမည့် နမူနာပုံစံများ ဖြင့်လည်းကောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ Website page ဖြစ်သည့် https://mebangkok.org တွင် download ဆွဲယူ၍ လည်းကောင်း၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့၊ Immigration Attache လုပ်ငန်းအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပါသည်။
၆။ လျှောက်ထားမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက mmbkknrc@gmail.com နှင့် ဖုန်းနံပါတ် +66 0968100467 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Official source

This summary is based on information published by the embassy. Open the official page to confirm details.

View official embassy page ↗