MMK Hub
News

ဘန်ကောက် ဘီယာဆိုင်မီးလောင်မှု သေဆုံးသူ ၃၂ ဦးထိတိုး

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊လတ်ဖရောခရိုင်ရှိ Na Lat Phrao Brewery ဘီယာဆိုင်မှာဇူလိုင် ၁၂ ရက်နေ့ ၊ ညသန်းခေါင်ခန့်က မီးအပြင်အထန်လောင်ကျွမ်းမှုကြောင့် ဆိုင်အတွင်း၂၇ ဦးသေဆုံးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဗဟိုဆေးရုံကြီး မှုခင်းဆေးပညာဌာနရဲ့ ဇူလိုင် ၁၄ ရက်ထုတ်ပြန်ချက်အရ ဘီယာဆိုင် မီးလောင်မှုကြောင့် ဒဏ်ရာရခဲ့သူတွေထဲက စိုးရိမ်ရတဲ့လူနာ ၅ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူဦးရေ ၃၂ ဦးအထိ မြင့်တက်ခဲ့တာပါ။
သေဆုံးသူတွေထဲက မိသားစုဝင် ၃၀ ကရုပ်အလောင်းခွဲခြားသတ်မှတ်နိုင်ဖို့ ဒီအန်အေ (DNA) နမူနာတွေပေးအပ်ထားကြတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက သေဆုံးသူတွေထဲက ၃၂ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ မိသားစု ၂၈ စုက ရုပ်အလောင်းတွေကို လာရောက်ထုတ်ယူသွားပြီးဖြစ်တယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။
သေဆုံးသူတွေကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်တဲ့လုပ်ငန်းစဉ်ကို ကျန်ရှိ မိသားစုတွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ မှုခင်းဆေးပညာဌာနက ပြောကြားပါတယ်။
Ref – Khaosod
Photo -The Nation Thailand / အသက်ဆုံးရှုံးခဲ့ရသူများအား အောင့်မေ့ဖွယ် ပန်းများ၊ ပန်းကုံးများ၊ အစားအစာများ ချထားပေးခဲ့ကြသည့်မြင်ကွင်း။

#MigrantTimes
#ဘန်ကောက်
#ရွှေ့ပြောင်း
#ထိုင်း
#thailand

YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes