MMK Hub
News

ချင်းမိုင်ရှိ နေရာ ၁၈ ခုကိုရဲတပ်ဖွဲ့ဝင်စီးပြီး အမည်ခံကွန်ရက်ကိုဖမ်း

ထိုင်းနိုင်ငံမြာက်ပိုင်း ၊ ချင်းမိုင်မြို့ရှိ နေရာ ၁၈ ခုကို လူအင်အား ၂၅၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး နီုင်ငံခြားသားများအား နိုမီနီ (အမည်ခံ)ပေးသည့်ကွန်ရက်ကိုဖော်ထုတ်မှု စတင်ခဲ့ကြောင်း
ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
နိုမီနီ (အမည်ခံ)ကွန်ရက်ကြောင့် ချင်းမိုင်တစ်ခွင်တွင် အမှုပေါင်း ၃၁ မှုရှိကာ စုစုပေါင်း ဘတ် ၆၃၃ သန်းကျော် ဆုံးရှုံးနစ်နာမှု ဖြစ်ပွားစေခဲ့ကြောင်းဖော်ပြသည်။
ယနေ့ ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ချင်းမိုင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ကွန်ရက်စစ်ဆင်ရေးဟုအမည်ပေးထားသည့် စစ်ဆင်ရေးကို စတင်ခဲ့ကြောင်း ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
တာဝန်ရှိသူများသည် ယနေ့၊ နံနက်တွင်ချင်းမိုင်ခရိုင်၊ ချိုင်းယားဖွန် (Chaiyaphum) မြို့နယ်၊ ခန်ခါနုတ် အတွင်းရှိ နေရာ ၄ ခုကို ဝင်ရောက်စီးနင်းခဲ့ရာ အိမ်တစ်အိမ်ချင်းစီကို ကုမ္ပဏီတစ်ခုစီ၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုထားပြီး စုစုပေါင်း ကုမ္ပဏီ ၄ ခုသည် နိုမီနီ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ ပစ္စည်းပို့ဆောင်သူများ (riders)၊ အိမ်အကူများနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုအမှုများတွင် ပါဝင်ပတ်သက်သူများ အပါအဝင် လူအတော်များများသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုများတွင် အမှန်တကယ် ပါဝင်ပတ်သက်မှု မရှိဘဲ ရှယ်ယာရှင်များ (သို့မဟုတ်) ပူးတွဲတည်ထောင်သူများအဖြစ် အသုံးပြုခဲ့ကြကြောင်း တွေ့ရှိခဲ့သည်။
၎င်းအပြင် ဆာရာဖီမြို့နယ်၊ နောင်ဖွန်းရပ်ကွက်အတွင်း နိုင်ငံခြားသားများက အိမ်များဝယ်ယူကာ ကုမ္ပဏီများတည်ထောင်ထားသည့် စုစုပေါင်း ၂၃ အိမ်ကိုတွေ့ရှိခဲ့သည်။
၎င်းအနက် ၄ အိမ်တွင် အပလီကေးရှင်းမှတစ်ဆင့် ငှားရမ်းထားသော ယာဉ်မောင်းများနှင့် အိမ်အကူများကို တရားဝင်ပိုင်ရှင်အဖြစ် သို့မဟုတ် နိုမီနီ (အမည်ခံ) များအဖြစ် ခန့်အပ်ထားကြောင်း တွေ့ရှိခဲ့သည်။
ထို့ပြင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသား ၁ ဦးသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားကြောင်း တွေ့ရှိသဖြင့် တာဝန်ရှိသူများသည် လက်ရှိတွင် ၎င်း၏ ငွေကြေးနောက်ကြောင်းကို စုံစမ်းစစ်ဆေးနေသည်။
ယနေ့စစ်ဆင်ရေးအတွင်း ချင်းမိုင်ခရိုင် ကူးသန်းရောင်းဝယ်ရေးဗျူရို၌ မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၃၃,၁၄၄ ခု ရှိကြောင်း တွေ့ရှိခဲ့သည်။
၎င်းအနက် ကုမ္ပဏီ ၄,၇၄၁ ခုတွင် နိုင်ငံခြားသားများ ပါဝင်ပတ်သက်မှုရှိကြောင်း၊ ကုမ္ပဏီ ၉၅ ခုသည် လိပ်စာတစ်ခုတည်းကို အတူတူသုံးစွဲထားကြောင်း တွေ့ရှိခဲ့သည်။ ကုမ္ပဏီ ၁၆ ခုမှာ နိုမီနီ (အမည်ခံ) များဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
တိုင်ကြားချက် ၁၄ ခု လက်ခံရရှိထားပြီး၊ တရားခံ ၈ ဦးကို အကြောင်းကြားထားကြောင်း ၊ ဖမ်းဝရမ်း ၂၂ ခု ထုတ်ပြန်ထားပြီး၊ တရားခံ ၄ ဦးကို ဖမ်းဆီးရမိထားကာ ဥပဒေအရ ပါဝင်ပတ်သက်သူအားလုံးကို တိုးချဲ့ရှာဖွေနေကြောင်း ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
Photo – radiotrafficpolicechiangmai
#MigrantTimes
#ချင်းမိုင်
#ရွှေ့ပြောင်း
#ထိုင်း
#thailand