ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်မှာ တရားမဝင် ပွဲစားလုပ်ကာ အလုပ်သမားဆီက ငွေတွေယူနေတဲ့မြန်မာနိုင်ငံသား ၁ ဦးနဲ့ မြန်မာ ယာဉ်မောင်း ၂ ဦး ကိုဖမ်းဆီးခဲ့တယ်လို့ ချွန်ဘူရီ အလုပ်အကိုင်ရှာဖွေရေးဌာနကပြောပါတယ်။
သူတို့ ၃ ဦးဟာ အလုပ်သမားတွေဆီက စာရွက်စာတမ်းခ အဖြစ် တစ်ဦးကို ဘတ် ၈,၅၀၀ ယူဆောင်ခဲ့တယ်လို့ နစ်နာခဲ့တဲ့ အလုပ်သမား ၂၀ ဦးကတိုင်ကြားခဲ့တာကြာင့် အရေးယူခဲ့တာလို့ သိရပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့မှာ အလုပ်သမားတွေရဲ့ တိုင်ကြားချက်အရ ချွန်ဘူရီခရိုင် အလုပ်အကိုင်ရှာဖွေရေးအရာရှိတွေနဲ့ တာဝန်ရှိသူတွေက မြန်မာပွဲစား ၁ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
မြန်မာပွဲစား ကစာရွက်စာတမ်းအတွက် ငွေကြေး ကောက်ခံခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။
စစ်ဆေးနေစဉ်အတွင်း တိုင်ကြားသူ ၂၀ ဦးဟာ ချွန်ဘူရီခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးကို လာရောက်ဖို့ ဝန်ထမ်းကြိုပို့ယာဉ် ၂ စီးကို ငှားရမ်းခဲ့ပါတယ်။
ယာဉ်မောင်းတွေကလည်း မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး ဖြစ်နေတဲ့အတွက် ဥပဒေအရ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်ဖြစ်နေတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားအရာရှိတွေကပြောပါတယ်။
မြန်မာ ပွဲစား ၁ ဦးနဲ့ မြန်မာ ယာဉ်မောင်း ၂ ဦး ကို လုပ်ကိုင်ခွင့်ရှိတဲ့ အခွင့်အရေးထက် ကျော်လွန် အလုပ်လုပ်ကိုင်မှုနဲ့ အရေးယူခဲ့ပြီး စမက် (Samed) ရဲစခန်းထံ လွှဲပြောင်းခဲ့ပါတယ်။
ဝန်ထမ်းကြိုပို့ယာဉ် ၂ စီးကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
Photo – บางแสน แขวนข่าว
#MigrantTimes
#ချွန်ဘူရီ
#ရွှေ့ပြောင်း
#မြန်မာလုပ်သား
#ထိုင်း