MMK Hub
News

စမုစခွန်မှာ မြန်မာ ၁ ဦးကို စိတ်ကြွဆေးပြား ၇,၀၀၀ နီးပါးနဲ့ဖမ်းမိ

ထိုင်းနိုင်ငံ ၊ စမုစခွန်ခရိုင်၊ မောင်းမြို့နယ်၊ သာချင်းကျေးရွာအုပ်စု၊ ထိုင်းပင်လယ်ကမ်းစပ်တနေရာတွင် မြန်မာနိုင်ငံသား ၁ ဦးကို စိတ်ကြွဆေးပြား ၇,၀၀၀ နီးပါးနှင့် အိုက်စ် မှုးယစ်ဆေးဝါး ၈ ဂရမ် မှောင်ခိုတင်သွင်းမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့အဆိုအရ ယနေ့ ၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် နိုင်ငံခြားသားတစ်ဦးသည် မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းလာကြောင်း သတင်းရရှိခဲ့သည့်အတွက် ယင်းနေရာအားရှာဖွေခဲ့သည်။
ထို့နောက် ပင်လယ်ရေတားတံတိုင်းတစ်လျှောက်တွင်အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ဦးစိုးကိုတွေ့ရှိခဲ့ပြီး ၎င်းထံတွင် ဝှက်ထားသော စိတ်ကြွဆေးပြား ၆,၄၀၀ ပြားနှင့် အိုက်စ် ၈ ဂရမ် တို့ကို တွေ့ရှိခဲ့သည်။
၎င်းအား မူးယစ်ဆေးဝါးများ (စိတ်ကြွဆေးပြားနှင့် အိုက်စ်) ကို လက်ဝယ်ထားရှိမှု၊ ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ နေထိုင်ခြင်းတို့ဖြင့် တရားစွဲဆိုထားပြီး စမုစခွန်မြို့နယ် ရဲစခန်းထံ ပေးပို့ခဲ့သည်။

Ref – โจโฉ

#MigrantTimes
#စမုစခွန်
#မြန်မာလုပ်သား
#ရွှေ့ပြောင်း
#ထိုင်း
#Thailand