ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်ရှိ ကွန်ဒိုမီနီယံတစ်ခုရဲ့ ၈ ထပ်မြောက်က ပြုတ်ကျခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မြန်မာကျောင်းသူ ၁ ဦးဟာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဒီဖြစ်စဉ်ဟာ ဇူလိုင် ၂၀ ရက်နေ့၊ ညနေ ၅ နာရီခွဲ ခန့်မှာ ဖြစ်ပွားခဲ့တာပါ။ ဆီရာချာရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ သတင်းပေးပို့ချက်အရ အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံသူ အဆိုပါမိန်းကလေးကို ကွန်ဒိုမီနီယံ ဘေးမှာ သတိလစ်မေ့မြောနေတာကို တွေ့ရှိခဲ့ပါတယ်။ သူမကို ဘယ်ဘက်လက်မောင်းကျိုး၊ ညာဘက်ခြေထောက်ကျိုးနဲ့ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေက ရှေးဦးပြုစုခြင်းတွေလုပ်ပေးပြီး ဆေးရုံကိုပို့ဆောင်ခဲ့ပါတယ်။
မြန်မာကျောင်းသူပြုတ်ကျစဉ်မှာ အောက်မှာ ရပ်ထားတဲ့ ဟွန်ဒါဝေ့ဗ် ဆိုင်ကယ်တစ်စီးလည်း ထိမှန် ပျက်စီးခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းတစ်ဦးကလည်း အခင်းမဖြစ်ပွားမီမှာ သူမဟာ စာမေးပွဲနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကြောင့် စိတ်ဖိစီးမှုများနေတယ်လို့ ဆိုပါတယ်။
ဒါကလည်း သူမရဲ့သူငယ်ချင်းရဲ့ တဆင့်စကားသာဖြစ်ပြီး အမှန်တကယ်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်ဘူးလို့ စေတနာ့ဝန်ထမ်းက ဆိုပါတယ်။
ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ပြီး သက်သေတွေကို မေးမြန်းထားပါတယ်။ မြန်မာကျောင်းသူရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက ပြုတ်ကျရတဲ့ အခြေအနေတွေကို အသေးစိတေ မေးမြန်းစစ်ဆေးသွားမယ်လို့ပြောပါတယ်။
Ref – Khaosod
#MigrantTimes
#ချွန်ဘူရီ
#ရွှေ့ပြောင်း
#မြန်မာလုပ်သား
#ထိုင်း