ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီခရိုင် ၊ စံခလာဘူရီမြို့နယ် ၊နောင်လူးကျေးရွာအုပ်စု၊ အကွက် (၈) ရှိ ကျွဲကောခြံနောက်မှာ ပုန်းအောင်းနေတဲ့ တရားမဝင်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၃၉ ဦးနဲ့ မြန်မာ လမ်းပြ ၁ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်ညမှာဖမ်းမိခဲ့ပါတယ်။
ပူးပေါင်းစစ်ဆေးရေးအဖွဲ့ရဲ့အဆိူအရ ကင်းလှည့်နေစဉ်အတွင်း ကျွဲကောခြံနောက်ဘက် တောစပ်မှာ စုထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တွေကို တွေ့ရှိခဲ့ပါတယ်။
သူတို့အားလုံးကို စကားပြန်ကတစ်ဆင့် မေးမြန်းခဲ့ရာ ထိုင်းနိုင်ငံအတွင်း သဘာဝတောလမ်းအတိုင်း လမ်းလျှောက်ဝင်ရောက်လာကြတယ်လို့ ဝန်ခံခဲ့ကြပါတယ်။
ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့အတွက် ဥပဒေအရ အရေးယူဖို့ သက်ဆိုင်ရာရဲစခန်းကိုလွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၆ ရက်ကလည်း စံခလာဘူရီမြို့နယ် ၊နောင်လူးကျေးရွာအုပ်စု၊ အကွက် (၈) ရှိ လိမ္မော်ခြံဧရိယာအတွင်းမှာ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၂ ဦးနဲ့ လမ်းပြ မြန်မာ ၁ ဦးကို စံခလာဘူရီအုပ်ချုပ်ရေးအရာရှိတွေက ဖမ်းမိခဲ့ပါတယ်။
Photo – Kanchanaburi News
#MigrantTimes
#အလုပ်သမား
#ရွှေ့ပြောင်း
#မြန်မာလုပ်သား
#တာ့ခ်ခရိုင်
#စံခလာဘူရီ
#ထိုင်း
#Thailand