ထိုင်းနိုင်ငံမြောက်ပိုင်း ၊ ချင်းမိုင်မြို့ရှိ အာခိတ်ကားဂိတ်မှာ ယာဉ်လိုင်းရှာမတွေ့သည့် မြန်မာခရီးသွား ၂ ဦးအား ကားပေါ်သို့ စနစ်တကျ တင်ပေးခဲ့ကြောင်း ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့ကယနေ့ထုတ်ပြန်သည်။
ယနေ့ (၂၄ ဇူလိုင် ) မွန်းလွဲ ၂ နာရီတွင် ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့ဝင်များသည် အွန်လိုင်းလက်မှတ်တွင် ဖော်ပြထားသော မော်တော်ယာဉ်လိုင်း ကောင်တာအား ရှာမတွေ့ဘဲဖြစ်နေသည့် မြန်မာခရီးသွား ၂ ဦးအား ကူညီပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်လိုင်းသည် အွန်လိုင်းလက်မှတ်ဝယ်ယူသည့် အက်ပလီကေးရှင်းတွင် စတင်
ပါဝင်ပြေးဆွဲပေးခြင်းဖြစ်သောကြောင့် ယာဉ်လိုင်း၏ ကောင်တာသည် ခရီးသွားများအတွက် ရှာရခက်နေကြောင်း ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့က ပြောကြားသည်။
#MigrantTimes
#ချင်းမိုင်
#ရွှေ့ပြောင်း
#မြန်မာလုပ်သား
#ထိုင်း
#Thailand