MMK Hub
News

ရယောင်းမှာ မြန်မာ ၊ တရုတ်နဲ့ ကမ္ဘောဒီးယား လုပ်သား ၄၃ ဦးကို ထိန်းသိမ်း

ထိုင်းနိုင်ငံ ၊ ရယောင်းခရိုင်ရှိ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ၊ တရုတ်နဲ့ ကမ္ဘောဒီးယား လုပ်သား ၄၃ ဦးကိုအာဏာပိုင်တွေက ဇူလိုင် ၂၁ ရက်မှာ စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။
အရာရှိတွေက ရယောင်းခရိုင်၊ နိခွမ်ဖတ်ထနာ (Nikhom Phatthana) မြို့နယ်ရှိ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံသား ၃၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးနဲ့ တရုတ်နိုင်ငံသား ၅ ဦးတို့ကို ထိန်းသိမ်းခဲ့ပါတယ်။
ရယောင်းခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးကတော့ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို စိစစ်ဖို့အတွက် ဆောင်ရွက်ခဲ့တာလို့ပြောပါတယ်။
အလုပ်သမား ၄၃ ဦးကို လူဝင်မှုကြီးကြပ်ရေးနဲ့ လုပ်သားဥပဒေတွေ ချိုးဖောက်ပြီး အလုပ်လုပ်ကိုင်နေခြင်း ရှိမရှိစစ်ဆေးပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
Photo – Khaosod
#MigrantTimes
#ရယောင်း
#ရွှေ့ပြောင်း
#မြန်မာလုပ်သား
#ထိုင်း