MMK Hub
News

News

Category: Overseas Workers

Aggregated News Overseas Workers via Migrant Times

ရယောင်းမှာ မြန်မာ ၊ တရုတ်နဲ့ ကမ္ဘောဒီးယား လုပ်သား ၄၃ ဦးကို ထိန်းသိမ်း

ထိုင်းနိုင်ငံ ၊ ရယောင်းခရိုင်ရှိ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ၊ တရုတ်နဲ့ ကမ္ဘောဒီးယား လုပ်သား ၄၃ ဦးကိုအာဏာပိုင်တွေက ဇူလိုင် ၂၁ ရက်မှာ စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ အရာရှိတွေက ရယောင်းခရိုင်၊ နိခွမ်ဖတ်ထနာ (Nikhom Phatthana) မြို့နယ်ရှိ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံသား ၃၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးနဲ့ တရုတ်နိုင်ငံသား ၅ ဦးတို့ကို ထိန်းသိမ်းခဲ့ပါတယ်။ ရယောင်းခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးကတော့ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို စိစစ်ဖို့အတွက် ဆောင်ရွက်ခဲ့တာလို့ပြောပါတယ်။ အလုပ်သမား ၄၃ ဦးကို လူဝင်မှုကြီးကြပ်ရေးနဲ့ လုပ်သားဥပဒေတွေ ချိုးဖောက်ပြီး အလုပ်လုပ်ကိုင်နေခြင်း ရှိမရှိစစ်ဆေးပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။ Photo – Khaosod […]

Read article
Aggregated News Overseas Workers via Migrant Times

ပတ္တရား ညကလပ်မှာ မြန်မာလုပ်သား ၄ ဦးပါ ၁၁ ဦးဖမ်းခံရ

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင် ၊ ပတ္တရားမြို့မှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄ ဦးနဲ့အတူ အိန္ဒိယနိုင်ငံသား ၇ ဦးကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနကထုတ်ပြန်ပါတယ်။ မနေ့က ဇူလိုင်လ ၁၉ ရက်နေ့ ၊ ညသန်းခေါင်ကျော်က ပတ္တရား Walking Street လမ်းမပေါ်ရှိ “The Nashaa Club” အပန်းဖြေလုပ်ငန်းခွင်က အလုပ်သမားတွေကို စစ်ဆေးစဉ်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ဖော်ပြပါတယ်။ စစ်ဆေးမှုအရ အဲ့ဒီနေရာမှာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားလုပ်သား စုစုပေါင်း ၈၁ ဦးကို တွေ့ရှိခဲ့ပါတယ်။ သူတို့တွေက မြန်မာနိုင်ငံသား ၅၃ ဦး၊ အိန္ဒိယနိုင်ငံသား ၂၃ ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား ၄ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၁ ဦးတို့ဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work […]

Read article
Aggregated News Overseas Workers via Migrant Times

ရက်ချိန်းအတွင်း Work Permit မထုတ်တဲ့ ရွှေ့ပြောင်းလုပ်သား တွေ တရားမဝင်လုပ်သား ဖြစ်မယ်

ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ရက်ချိန်းအတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ် Work Permit မထုတ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားမဝင်လုပ်သား ဖြစ်သွားမယ်လို့ အလုပ်အကိုင်ခန့်ထားရေးဌာနကထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံမှာ လတ်တလော E-Workpermit စနစ်အတွင်း ရက်ချိန်းရယူမှု အဆင်မပြေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘီတီ ၆၂) ကိုအသုံးပြုနိုင်တဲ့စီမံချက်ကို အလုပ်အကိုင်ခန့်ထားရေးဌာနက ဆောင်ရွက်နေပါတယ်။ ဒီယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို E-Workpermit စနစ်ကနေ လုပ်ငန်းရှင် ဒါမှမဟုတ် ရွှေ့ပြောင်းလုပ်သားတွေက ချက်ချင်း ထုတ်ယူနိုင်ပါတယ်။ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရရှိထားပေမယ့်လည်း မူရင်းအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ယူဖို့နဲ့ ဇီဝအချက်အလက် (Biometrics) ကောက်ယူဖို့အတွက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရေးဝန်ဆောင်မှုစင်တာကို မဖြစ်မနေ သွားရောက်ရမယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့ ရက်ချိန်းအတိုင်း သွားရောက်ဆောင်ရွက်ခြင်း မရှိပါက ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ချက်ချင်း ကုန်ဆုံးသွားမှာဖြစ်ပြီး တရားမဝင်လုပ်သား […]

Read article
Aggregated News Overseas Workers via Migrant Times

အယုဒ္ဓယမှာ ဘတ် ၂ သောင်းထိ ပွဲစားခပေးဝင်လာတဲ့ မြန်မာ ၂၂ ဦးဖမ်းခံရ

ထိုင်းနိုင်ငံ ၊ အယုဒ္ဓယခရိုင် ၊ လမ်းမကြီးတခုပေါ်မှာ ကား ၃ စီးနဲ့ တရားမဝင်ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၂၂ ဦးကို ဖမ်းမိခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့က ဒီနေ့ ဇူလိုင် ၁၄ ရက်မှာထုတ်ပြန်ပါတယ်။ အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တွေဟာ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းရှိတယ်လို့ကြိုတင်သတင်းအရ စောင့်ဆိုင်းခဲ့ကြတယ်လို့ဖော်ပြပါတယ်။ စောင့်ဆိုင်းနေစဉ်မှာ မှန်အမည်းကပ်ထားပြီး ပုံမှန်ထက် ပိုမိုလေးလံတဲ့ အလေးချိန်ကို သယ်ဆောင်ထားပုံရတဲ့ ကား ၃ စီးကို  စစ်ဆေးဖို့ တားဆီးခဲ့ပါတယ်။ ကား ၃ စီးစလုံးမှာ ခရီးသည်တွေ ပြည့်ကျပ်စွာ တင်ဆောင်လာခဲ့ပြီး မြန်မာနိုင်ငံသား ၂၂ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦး၊ စုစုပေါင်း ၂၃ ဦးကို တွေ့ရှိခဲ့ပါတယ်။ ယာဉ်မောင်းဖြစ်သူက ဆာရာဘူရီကနေ […]

Read article
Aggregated News Overseas Workers via Migrant Times

ချင်းမိုင်တွင် ရဲတပ်ဖွဲ့က ခရီးသွားအသွင်ယူပြီး မြန်မာ ဧည့်လမ်းညွှန်ကိုဖမ်း

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် ခရီးသွားရဲတပ်ဖွဲ့က ကမ္ဘာလှည့်ခရီးသွားအသွင်ယူကာ တရားမဝင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသား ဧည့်လမ်းညွှန် ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ ဖော်ပြသည်။ ချင်းမိုင်မြို့ရှိ Wat Chedi Luang နာမည်ကြီးဘုရားကျောင်းတွင် ရဲအရာရှိများက မက္ကဆီကိုနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအသွင် ရုပ်ဖျက်၍ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းဘုရားကျောင်းတစ်ခုတွင် တရားမဝင် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည်ဟု စွပ်စွဲခံရသော မြန်မာနိုင်ငံသား ၁ ဦးကို ခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ခွဲ ၂ မှ အရာရှိများ၏ စုံစမ်းစစ်ဆေးမှုအပြီးတွင် အသက် ၃၉ နှစ်အရွယ် စောအမည်ရှိမြန်မာနိုင်ငံသား သံသယရှိသူအား ဝပ်ချေဒီလွန်း (Wat Chedi Luang) ဘုရားကျောင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က သံသယရှိသူအား တရားဝင်လိုင်စင်မရှိဘဲ ကမ္ဘာလှည့်ခရီးသွားဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခြင်း […]

Read article
Aggregated News Overseas Workers via Migrant Times

ထိုင်းမှာ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်နိုင်မယ်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်ရှင်တွေ အဆင်ပြေစေဖို့အတွက် ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးမယ်လို့ အလုပ်သမားရေးဝန်ကြီး မစ္စတာဂျုလဖန် အမွန်ဝိဝပ်ကပြောပါတယ်။ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနကလည်း နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားခြင်း၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ထုတ်ပေးခြင်းနဲ့ အကြောင်းကြားခြင်းတွေအတွက် စာရွက်စာတမ်း အထောက်အထားတွေ သတ်မှတ်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ဇူလိုင်လ ၉ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အရ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အစစ်ကို ထုတ်ပေးနိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာနိုင်ငံခြားသားလုပ်သားတွေအနေနဲ့ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ ဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်ရှိတယ်ဆိုတာ ပြသနိုင်ဖို့ သတ်မှတ်ပေးတာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးက ပြောကြားပါတယ်။ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနက “ဘော်တော် ၆၂” (Bor Tor 62) ပုံစံကို ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်အဖြစ် အသုံးပြုရန် သတ်မှတ်ထားတာပါ။ ဒီစာရွက်စာတမ်းမှာ နိုင်ငံခြားသားလုပ်သားရဲ့ ကိုယ်ရေးအချက်အလက်၊ ပတ်စ်ပို့၊ ဗီဇာ၊ အလုပ်ရှင် ၊လုပ်ငန်းခွင်အချက်အလက်၊ ရာထူးနဲ့ လုပ်ငန်းခွင်တည်နေရာတွေပါဝင်ပါတယ် ။ ဒါ့အပြင် ဆေးကုသမှုခံယူခွင့်ဆိုင်ရာ အချက်အလက်တွေစတဲ့ […]

Read article
Aggregated News Overseas Workers via Migrant Times

CI စင်တာမှာ အပိုငွေကောက်ခံသည့်ကိစ္စ မြန်မာနှင့်ဆွေးနွေးမည်ဟု ထိုင်းဘက်ကပြော

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(Certificate of Identity) ထုတ်ပေးသည့် CI စင်တာများတွင် ပြေစာမရှိဘဲ အပိုငွေများ ကောက်ခံနေသည်ဟူသော သတင်းများနှင့်ပတ်သက်ပြီး မြန်မာဘက်တာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဂျူလဖန်အမွန်ဝီဝပ် ကပြောကြားသည်။ ဝန်ကြီး ဂျူလဖန်က CI စင်တာသို့ ဝင်ရောက်ခွင့်ရရှိရန်အတွက် ပုံမှန်အခကြေးငွေများအပြင် ပြေစာမရှိဘဲ အပိုငွေများ ကောက်ခံနေသည်ဟူသော သတင်းဖော်ပြချက်များနှင့်ပတ်သက်၍ ရွှေ့ပြောင်းလုပ်သားများကို ဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်သွင်းခြင်းအား အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။ ဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးရန်အတွက် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာဌာနများနှင့် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ရန် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနအား ညွှန်ကြားထားပြီးဖြစ်ကြောင်း၎င်းကဆိုသည်။ အလုပ်သမားဝန်ကြီးက ယခင်က မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ထိုင်းနိုင်ငံအတွင်းရှိ ၎င်းတို့၏ လုပ်သားများကို နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ကြသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံတစ်ခုတည်းသာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်းလုပ်ငန်းကို […]

Read article
Aggregated News Overseas Workers via Migrant Times

ထိုင်းမှာအရာရှိဟုဆိုကာ အွန်လိုင်းလိမ်လည် ခြိမ်းခြောက်မှုများ သတိထားရန်ထုတ်ပြန် တပတ်အတွင်း တိုင်ကြားချက် ၅ ထောင်ကျော်ခဲ့ပြီး ဆုံးရှုံးမှု ဘတ် သန်း ၂၀၀ ကျော်ရှိ

ထိုင်းနိုင်ငံတွင် အရာရှိအဖြစ် ဟန်ဆောင်လိမ်လည်မှုကြောင့် ဆုံးရှုံးမှုအများဆုံးစံချိန်အဖြစ် ဘတ် ၇၁ သန်းအထိ ရှိခဲ့ပြီး အွန်လိုင်းက လိမ်လည် ခြိမ်းခြောက်မှုများ သတိထားကြရန် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန (ACSC)ကထုတ်ပြန်သည်။ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန (ACSC) သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းနှင့် လိမ်လည်ခံရရသူများကို ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် အမှုအခင်းနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းဇယားများကို ထုတ်ပြန်ခဲ့သည်။ ယခုနှစ် ၊ ဇွန် ၂၈ ရက်မှ ဇူလိုင် ၄ ရက် (၂၀၂၆) အထိ Thaipoliceonline မှတစ်ဆင့် တိုင်ကြားချက်ပေါင်း ၅,၅၈၈ မှု လက်ခံရရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် သန်း ၂ဝဝ ကျော် (၂၀၇,၇၂၈,၁၂၄) ဖြစ်သည်။ ယခုအကြိမ် တိုင်ကြားမှုသည် ဇွန် ၂၁-၂၇ ရက် ကာလထက် ၄၉၆ […]

Read article
Aggregated News Overseas Workers via Migrant Times

ချွန်ဘူရီမှာ အလုပ်ရှာဖွေပေးနေတဲ့ မြန်မာပွဲစား ၆ ဦးဖမ်းခံရ

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင် ၊ ဘန်းဘူမြို့နယ်၊ ကလောင်ကိကျေးရွာရှိ ရွှေ့ပြောင်းအလုပ်သမား ဝန်ဆောင်မှုပေးတဲ့ ရုံးတစ်ခုကို တာဝန်ရှိသူများကဝင်ရောက်ရှာဖွေခဲ့ပြီး ပွဲစားအဖြစ်လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့မှာ ချွန်ဘူရီ အလုပ်အကိုင်ရှာဖွေရေးနဲ့ ISOC ချွန်ဘူရီ ပူးပေါင်းအဖွဲ့တွေက တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။ အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ဝန်ဆောင်မှုရုံးဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ နိုင်ငံသားတွေကို ဝန်ဆောင်မှုပေးနေတာဖြစ်တယ်လို့ဖော်ပြပါတယ်။ အရာရှိတွေက ဝင်ရောက်စစ်ဆေးချိန်မှာ သူတို့အားလုံးဟာ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်ကိုင်နေတာကိုတွေ့ရှိခဲ့ပါတယ်။ သက်သေခံပစ္စည်းတွေအဖြစ် ပစ်ကပ်ကား ၁ စီး၊ လက်ပ်တော့ ကွန်ပျူတာ ၃ […]

Read article