MMK Hub
News

ရက်ချိန်းအတွင်း Work Permit မထုတ်တဲ့ ရွှေ့ပြောင်းလုပ်သား တွေ တရားမဝင်လုပ်သား ဖြစ်မယ်

ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ရက်ချိန်းအတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ် Work Permit မထုတ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားမဝင်လုပ်သား ဖြစ်သွားမယ်လို့ အလုပ်အကိုင်ခန့်ထားရေးဌာနကထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ လတ်တလော E-Workpermit စနစ်အတွင်း ရက်ချိန်းရယူမှု အဆင်မပြေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘီတီ ၆၂) ကိုအသုံးပြုနိုင်တဲ့စီမံချက်ကို အလုပ်အကိုင်ခန့်ထားရေးဌာနက ဆောင်ရွက်နေပါတယ်။
ဒီယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို E-Workpermit စနစ်ကနေ လုပ်ငန်းရှင် ဒါမှမဟုတ် ရွှေ့ပြောင်းလုပ်သားတွေက ချက်ချင်း ထုတ်ယူနိုင်ပါတယ်။
ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရရှိထားပေမယ့်လည်း မူရင်းအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ယူဖို့နဲ့ ဇီဝအချက်အလက် (Biometrics) ကောက်ယူဖို့အတွက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရေးဝန်ဆောင်မှုစင်တာကို မဖြစ်မနေ သွားရောက်ရမယ်လို့ သိရပါတယ်။
သတ်မှတ်ထားတဲ့ ရက်ချိန်းအတိုင်း သွားရောက်ဆောင်ရွက်ခြင်း မရှိပါက ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ချက်ချင်း ကုန်ဆုံးသွားမှာဖြစ်ပြီး တရားမဝင်လုပ်သား ဖြစ်သွားမယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့် ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရရှိပြီးတဲ့ ရွှေ့ပြောင်းလုပ်သားတွေရှိတဲ့ လုပ်ငန်းခွင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ရက်ချိန်းအတိုင်း ပျက်ကွက်မှုမရှိဘဲ တိကျစွာ သွားရောက်ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရေးစင်တာတွေ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို အမြန်ဆုံး ထုတ်ပြန်ပေးမယ်လို့ အလုပ်အကိုင်ခန့်ထားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံရှိ မြန်မာ ၊ လာအိုနဲ့ ဗီယက်နမ်အလုပ်သမားတွေကို ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ ယာယီနေထိုင်ခွင့် ၁ နှစ်ထပ်တိုးပေးမယ်လို့ လည်းအလုပ်အကိုင်ခန့်ထားရေးဌာနက သတင်းထုတ်ပြန်ခဲ့တယ်။
Photo – Doe Center

#MigrantTimes
#အလုပ်သမား
#ရွှေ့ပြောင်း
#ထိုင်း
#thailand

YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes