MMK Hub
News

News

Category: Jobs

Aggregated News Jobs via Migrant Times

ထိုင်းမှာ ဩဂုတ်ကစပြီး အလုပ်သမားဆိုင်ရာ တိုင်ကြားမှုစနစ်တစ်ခုစမည်

ထိုင်းအစိုးရသည် လာမည့်လဆန်းပိုင်းတွင် Traffy Fondue ပလတ်ဖောင်းမှတစ်ဆင့် အလုပ်သမားဆိုင်ရာ တိုင်ကြားမှုစနစ်တစ်ခုကို စတင်ရန် စီစဉ်နေသည်။ အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး Patdarasm က အလုပ်သမား ၄၅ သန်းကျော်အတွက် အကူအညီရယူနိုင်ခွင့် ပိုမိုကောင်းမွန်လာစေရန် အလုပ်သမားဝန်ကြီးဌာနသည် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ယင်းစနစ်ကို တီထွင်ဖော်ထုတ်နေကြောင်း ပြောကြားသည်။ ၎င်းစတင်လိုက်သည်နှင့် Traffy Fondue သည် လုပ်ခလစာ၊ လူမှုဖူလုံရေး၊ လုပ်ငန်းခွင်အခြေအနေနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ တိုင်ကြားချက်များအတွက် အဓိကလမ်းကြောင်းအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။ အလုပ်သမားများသည် ၎င်းတို့၏ စမတ်ဖုန်းများကို အသုံးပြု၍ တိုင်ကြားစာနှင့် နောက်ခံအထောက်အထားစာရွက်စာတမ်းများကို တင်ပြနိုင်မည်ဖြစ်သည်။ အေအိုင် (AI) စနစ်က တိုင်ကြားချက်ကို ခွဲခြမ်းစိတ်ဖြာပြီး တာဝန်ရှိသည့် အေဂျင်စီထံ တိုက်ရိုက်ပေးပို့သွားမည်ဖြစ်ကာ အသုံးပြုသူများအနေဖြင့်လည်း […]

Read article
Aggregated News Jobs via BBC News မြန်မာ

ဂျပန်အိပ်မက်အတွက် JLPT ဖြေတဲ့မြန်မာလူငယ် ၉ သောင်းနီးပါးရှိ

ဂျပန်ကို သွားပြီး အလုပ်အကိုင်အခွင့်အလမ်းရဖို့ မြန်မာလူငယ် ၉ သောင်းဝန်းကျင် JLPT စာမေးပွဲ ဖြေကြတဲ့သတင်းအပါအဝင် ဇူလိုင် ၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

Read article
Aggregated News Jobs via Migrant Times

ဘန်ကောက်မှာ မြန်မာလုပ်သား ၁၄ ဦးဖမ်းခံရ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ ပထုံဝမ်ဒေသရှိ ဖျော်ဖြေရေးဆိုင် ၂ ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ပြီးဥပဒေနှင့်မညီသည့် မြန်မာလုပ်သား ၁၄ ဦးကိုဖမ်းဆီးခဲ့ကြောင်း အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆွန်ချိုင်းကယနေ့ ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့တွင် အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန(DOE)သည် တာဝန်ရှိသူများနှင့် ပူးပေါင်းကာ တိုင်ကြားချက်များရရှိထားသည့် ဘန်ကောက်မြို့၊ ပထုံဝမ်ခရိုင်ရှိ ဖျော်ဖြေရေးဆိုင် ၂ ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း DOE ကထုတ်ပြန်သည်။ စစ်ဆေးချက်အရ ပထမဆိုင်တွင် လုပ်ကိုင်ခွင့်ရှိသည့် အလုပ်အမျိုးအစားအပြင် အခြားအလုပ်ကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး ၊ ဒုတိယဆိုင်ရှိ မြန်မာနိုင်ငံသား ၁၃ ဦးမှာ အလုပ်သမားလုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေပြီး နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသူများ ၊ အလုပ်စတင်ဝင်ရောက်သည့်နေ့မှ ၁၅ ရက်အတွင်း အလုပ်ရှင်အမည်၊ […]

Read article
Aggregated News Jobs via Migrant Times

စံခလဘူရီမှာ ကလေးပါတဲ့ မြန်မာလုပ်သား ၂၆ ဦးဖမ်းခံရ

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီခရိုင် ၊ စံခလဘူရီမြို့နယ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၆ ဦးကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၄ ရက်နေ့ညမှာဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ နယ်စပ်တပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင်လ ၄ ရက်ညက စံခလဘူရီမြို့နယ်၊နောင်လူးကျေးရွာအုပ်စုရှိ နယ်စပ်လမ်းကြောင်းတစ်လျှောက်မှာ ကင်းလှည့်စဉ်အတွင်း ကလေးပါတဲ့ မြန်မာလုပ်သား ၁၁ ဦးကိုတွေ့ရှိခဲ့ပါတယ်။ သူတို့တွေကိုနမ်ကစ်ဂိတ်ကို ခေါ်ဆောင်ခဲ့ပြီး စစ်ဆေးချိန်မှာ သေခံကတ်ပြားနဲ့ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ပြုတဲ့ အထောက်အထားစာရွက်စာတမ်းတွေေ ပြသနိုင်ခြင်း မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူတို့တေွကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက် နေထိုင်ခြင်းစွဲချက်နဲ့အရေးယူထားတယ်လို့သိရပါတယ်။ အလားတူ ဇူလိုင်လ ၄ ရက်နေ့ညမှာပဲ စံခလဘူရီမြို့နယ် ၊ ဘန့်ဆမ်လန့် တောစပ်အနီးမှာတရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး […]

Read article
Aggregated News Jobs via Migrant Times

ဆေးခြောက်ကို ပြည်ပမယူရန် ထိုင်းရဲတပ်ဖွဲ့ သတိပေး 🟥 အခြားသူများ၏ ကုန်ပစ္စည်းများ ၊ ခရီးဆောင်အိတ်များကို ပြည်ပသို့ သယ်ဆောင်ပေးသည့် ကြားခံလူအဖြစ် မလုပ်ကြရန် ရဲတပ်ဖွဲ့က အကြံပြု

ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ဆေးခြောက်များကို ပြည်ပသို့ မှောင်ခိုမယူဆောင်ကြရန် ထိုင်းရဲတပ်ဖွဲ့က သတိပေးလိုက်သည်။ ပြစ်မှုကျူးလွန်သူများသည် ထိုင်းနိုင်ငံတွင် ထောင်ဒဏ်ကျခံရနိုင်သည့်အပြင် ပြည်ပနိုင်ငံများတွင် ယခုထက်ပို၍ ပြင်းထန်သော ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားသည်။ ထိုင်းနိုင်ငံမှ မှောင်ခိုတင်သွင်းလာသည်ဟု ယူဆရသော ဆေးခြောက်များနှင့်ပတ်သက်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါး ကုန်ကူးမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ယနေ့ ၊ တနင်္လာနေ့တွင် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။ နိုင်ငံခြားရေးဌာန တာဝန်ခံနှင့် ထိုင်းရဲတပ်ဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ချာတူရာဖတ်ဖီရွမ်ကေအိုက မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်စဉ် သုံးခုကို ကိုးကား၍ ပြောကြားသည်။ ဟောင်ကောင်အကောက်ခွန်အရာရှိများသည် ထိုင်းနိုင်ငံမှ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် ဟောင်ကောင်ဒေသခံတစ်ဦးတို့ထံမှ အခြောက်လှန်းထားသော ဆေးခြောက် ၂၃ ကီလိုဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ […]

Read article
Aggregated News Jobs via Migrant Times

ထိုင်းရှိ အလုပ်သမားများ ပူပြင်းသောရာသီဥတုနှင့် ဆက်စပ်ရောဂါများ သတိပြုရန်ထုတ်ပြန်

ထိုင်းနိုင်ငံရှိ အလုပ်သမားများအနေဖြင့် ပူပြင်းသောရာသီဥတုနှင့် ဆက်စပ်သည့် ရောဂါဝေဒနာများကို သတိပြုကြရန် လူမှုဖူလုံရေးရုံးက သတိပေးနှိုးဆော်သည်။ ၎င်းတို့အနေဖြင့် ပူပူနွေးနွေး စားသောက်ရန်၊ ဇွန်းကို အသုံးပြုရန်၊ လက်ဆေးရန်နှင့် ကျန်းမာရေးကို ဂရုစိုက်ရန် အကြံပြုထားသည်။ အရေးပေါ် ကျန်းမာရေးအခြေအနေများ ကြုံတွေ့ရပါက ဆေးကုသမှုကို အခမဲ့ ချက်ချင်းခံယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ယနေ့ ၊ ဇူလိုင်လ ၆ ရက်နေ့တွင် လုပ်ငန်းခွင်ဝန်ကြီးဌာနအောက်ရှိ လူမှုဖူလုံရေးရုံး (SSO) ၏ အထွေထွေအတွင်းရေးမှူးချုပ် မစ္စကန်ကျနာဖူးကယောက်က လူမှုဖူလုံရေးရုံးအနေဖြင့် အာမခံထားသူများအား ပူပြင်းသောရာသီဥတုနှင့် ဆက်စပ်သည့် ရောဂါဝေဒနာများကို အထူးသတိပြုကြရန် ပြောသည်။ ထိုင်းနိုင်ငံသည် အလွန်ပူပြင်းသော ရာသီဥတုကာလအတွင်းသို့ ရောက်ရှိနေသဖြင့် မသန့်ရှင်းသော အစားအစာနှင့် သောက်ရေတို့ကြောင့် အလုပ်သမားများနှင့် အာမခံထားသူများတွင် ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလျက်ရှိသည်။ အဆိုပါ ရောဂါပိုးမွှားများသည် […]

Read article
Aggregated News Jobs via Migrant Times

ထိုင်းမှာ မြန်မာလုပ်သား ၁၁ ဦး အလုပ်ထုတ်ခံရပြီး စာရွက်စာတမ်းတွေ သိမ်းဆည်းခံရ

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၁၁ ဦး အလုပ်ထုတ်ခံရပြီး စာရွက်စာတမ်းတွေ သိမ်းဆည်းခံထားရတယ်လို့ ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။ အလုပ်သမားတွေက ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီလာချာမြို့နယ်အတွင်းရှိ လျှပ်စစ်အကင်အိုးစက်ရုံမှာ အလုပ်လုပ်နေကြသူတွေဖြစ်ပါတယ်။ “လက်ရှိကတော့ မြို့နယ်ရုံးမှာတိုင်ပေးဖို့တော့ လုပ်ပေးထားတယ်။ ဒါပေမဲ့အလုပ်သမားတွေမှာက လစာထွက်ရက်မရောက်သေးတော့ သွားတိုင်ဖို့အကျိုးမဝင်သေးဘူးဖြစ်နေတယ်”ဟု WAG အဖွဲ့‌ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။ စက်ရုံက မြန်မာလုပ်သမား တွေကို အလုပ်ထုတ်လိုက်တဲ့အပြင် ကျန့်ခေါက်ခ(အလုပ်လျှောက်အထောက်အထား) နဲ့ စာရွက်စာတမ်း သက်တမ်းတိုးခတွေကောက်ခံထားပြီး စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ အလုပ်သမားတွေက သွားတောင်းခဲ့ပေမဲ့ စက်ရုံဘက်က မပေးခဲ့ဘူးလို့ သိရပါတယ်။ အလုပ်သမားများက သွားရေးလာရေးအတွက် အခက်ခဲတွေ့ကြုံနေရတဲ့အတွက် WAG အဖွဲ့ကို ဇူလိုင်လ ၂ […]

Read article