MMK Hub
News

News

Updates for the Myanmar diaspora — visas, remittances, and community alerts.

Aggregated News Business via Migrant Times

ချင်းမိုင်တိရစ္ဆာန်ရုံမှာ ကမ္ဘာ့ဖလားခန့်မှန်းပြီး စပိန်နှင့်အာဂျင်တီးနားနိုင်မည်ဟုပြော

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိတိရစ္ဆာန်ရုံတွင် ယနေ့(ဇူလိုင် ၁၄) ၌ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် နှစ်ပွဲစလုံးအတွက် ခန့်မှန်းပွဲကို ကျင်းပခဲ့ပြီး ကျားသစ်နက်က စပိန်ကို ရွေးချယ်ခဲ့ကာ ပန်ဒါနီ (red panda)က အာဂျင်တီးနားကို အနိုင်ပေးခဲ့သည်။ ကျားသစ်နက်က စပိန်သည် ပြင်သစ်ကို အံ့အားသင့်ဖွယ် အနိုင်ရရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ပြီး၊ ပန်ဒါနီကလည်း လက်ရှိချန်ပီယံ အာဂျင်တီးနားသည် အင်္ဂလန်ကို အနိုင်ယူကာ နောက်ထပ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ မှန်ကန်စွာ ခန့်မှန်းနိုင်သည့် မည်သည့်တိရစ္ဆာန်မဆို ၎င်းတို့အကြိုက်ဆုံး အစားအစာကို အထူးဆုအဖြစ် ရရှိမည်ဖြစ်သည်။ ယနေ့ ၊ နံနက် ၉ နာရီခွဲတွင် ချင်းမိုင်တိရစ္ဆာန်ရုံ၌ ပတ်ဝန်းကျင်ဆိုင်ရာ တိုးမြှင့်လှုံ့ဆော်မှု လုပ်ဆောင်ချက်ကို ၂၀၂၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နှင့် ချိတ်ဆက်ကာ ပျော်ရွှင်စရာ အစီအစဉ်တစ်ခုအဖြစ် […]

Read article
Aggregated News Business via BBC News မြန်မာ

ဝယ်လိုအားကျလို့ ဒဘီးယားစ် စိန်လုပ်ငန်းကြီးရဲ့ တောင်အာဖရိက စိန်တွင်းတူးလုပ်ငန်းရပ်ဆိုင်း

စျေးပေါတဲ့ ဓာတုစိန်နဲ့ စျေးကွက် အပြိုင်လုရတဲ့အပြင် အရင်ကထက် လူတွေက စိန်ဝယ်တာ နည်းလာလို့ စိန်စျေးတွေ ကျခဲ့ပါတယ်။

Read article
Aggregated News Overseas Workers via Migrant Times

ချင်းမိုင်တွင် ရဲတပ်ဖွဲ့က ခရီးသွားအသွင်ယူပြီး မြန်မာ ဧည့်လမ်းညွှန်ကိုဖမ်း

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် ခရီးသွားရဲတပ်ဖွဲ့က ကမ္ဘာလှည့်ခရီးသွားအသွင်ယူကာ တရားမဝင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသား ဧည့်လမ်းညွှန် ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ ဖော်ပြသည်။ ချင်းမိုင်မြို့ရှိ Wat Chedi Luang နာမည်ကြီးဘုရားကျောင်းတွင် ရဲအရာရှိများက မက္ကဆီကိုနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအသွင် ရုပ်ဖျက်၍ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းဘုရားကျောင်းတစ်ခုတွင် တရားမဝင် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည်ဟု စွပ်စွဲခံရသော မြန်မာနိုင်ငံသား ၁ ဦးကို ခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ခွဲ ၂ မှ အရာရှိများ၏ စုံစမ်းစစ်ဆေးမှုအပြီးတွင် အသက် ၃၉ နှစ်အရွယ် စောအမည်ရှိမြန်မာနိုင်ငံသား သံသယရှိသူအား ဝပ်ချေဒီလွန်း (Wat Chedi Luang) ဘုရားကျောင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က သံသယရှိသူအား တရားဝင်လိုင်စင်မရှိဘဲ ကမ္ဘာလှည့်ခရီးသွားဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခြင်း […]

Read article
Aggregated News Business via Migrant Times

ဘတ် ၄ဝ တန် အစားအသောက်စီမံကိန်း ထိုင်းဆောင်ရွက်မည်

လာမည့်လတွင် အသင့်စားအစာအစာများကို တစ်ပွဲလျှင် ၄၀ ဘတ်နှုန်းဖြင့် ရောင်းချခွင့်ပြုမည့် စီမံကိန်းတစ်ခုကို စတင်ရန် အစိုးရက စီစဉ်နေကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အဆိုအရ သိရသည်။ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး စုဖာဂျီ စုထမ်ဖန်(Suphajee Suthumpun) က အစားအသောက်ရောင်းချသူများကို ဘတ် ၄၀ တန် အစားအစာစီမံကိန်းတွင် ပါဝင်ရန် ဖိတ်ခေါ်နေကြောင်း ပြောကြားသည်။ အဆိုပါစီမံကိန်းကို ဇူလိုင်လကုန်တွင် စတင်နိုင်မည်ဟု မျှော်လင့်ထားပြီး စားဝတ်နေရေးစရိတ်များကို လျှော့ချရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ စီမံကိန်း၏ ကနဦးသက်တမ်းမှာ သုံးလဖြစ်သော်လည်း သက်တမ်းတိုးမြှင့်နိုင်ကြောင်းသိရသည်။ ထိုင်းတွင် လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အစားအသောက်ရောင်းချသူများက တစ်ပွဲလျှင် ၅ ဘတ်မှ ၁၀ ဘတ်အထိ စျေးနှုန်းမြှင့်တင်ခဲ့ကြပြီး ယခုအခါ ဈေးနှုန်းများမှာ ဘတ် ၅၀ […]

Read article
Aggregated News Business via BBC News မြန်မာ

ငလျင်တွေပိုများလာတာကရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေလား

လူနေထူထပ်တဲ့ ဒေသတွေမှာ မြေငလျင်လှုပ်ခတ်တိုင်း မေးခွန်းတူတစ်ခုက အမြဲထွက်ပေါ်လာပါတယ်။ မြေငလျင်တွေ အရင်ကထက် ပိုမကြာခဏ ဖြစ်လာသလား၊ လူသေဆုံးမှု ပိုများလာသလား၊ ဒါတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့်လား ဆိုတဲ့ မေးခွန်းတွေပါ။

Read article
Aggregated News Business via BBC News မြန်မာ

လေယာဉ်ပျံနေချိန် ပြတင်းပေါက်ပျက်စီးလို့ ခရီးသည်အသက်အန္တရာယ်ကြုံ

လေယာဉ်အပြင်ဘက်လေထုထဲကို စုပ်ထုတ်မခံရအောင် ဇနီးက ခင်ပွန်းသည်ရဲ့ ခြေထောက်ကို ငါးမိနစ်ခန့် ဆွဲထားခဲ့ရတယ်လို့ ပြောပါတယ်။

Read article
Aggregated News Business via BBC News မြန်မာ

ကိုယ်တော်တွေရေးတဲ့ဖူးစာ – လူငယ်တွေဖူးစာဆုံဖို့ တောင်ကိုရီးယားဘုန်းကြီးတွေဘယ်လိုကူညီနေလဲ

တောင်ကိုရီးယားမှာ ဖူးစာဖက်ရှာဖို့ခက်ပါတယ်။ အခုတော့ တောင်ကိုရီးယားဘုန်းတော်ကြီးအချို့က လူငယ်တွေ ဖူးစာဆုံနိုင်ဖို့ ကျေးလက်ကျောင်း၀င်းမှာ တွေ့ဆုံနိုင်ရေး စီစဉ်ထားပါတယ်။ ကိုယ်တော်တွေ ရေးတဲ့ဖူးစာ တကယ်ဆုံနိုင်မှာပါလား။

Read article
Aggregated News Business via BBC News မြန်မာ

ဘန်ကောက်က စားသောက်ဆိုင်မီးလောင်မှု သေဆုံးသူ ၂၇ ဦးအထိရှိ

ဘန်ကောက်က စားသောက်ဆိုင်(ဘား) မီးလောင်မှုမှာ သေဆုံးသူ ၂၇ ဦးအထိရှိလာတဲ့သတင်းအပါအဝင် ဇူလိုင် ၂၃ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

Read article
Aggregated News Overseas Workers via Migrant Times

ထိုင်းမှာ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်နိုင်မယ်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်ရှင်တွေ အဆင်ပြေစေဖို့အတွက် ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးမယ်လို့ အလုပ်သမားရေးဝန်ကြီး မစ္စတာဂျုလဖန် အမွန်ဝိဝပ်ကပြောပါတယ်။ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနကလည်း နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားခြင်း၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ထုတ်ပေးခြင်းနဲ့ အကြောင်းကြားခြင်းတွေအတွက် စာရွက်စာတမ်း အထောက်အထားတွေ သတ်မှတ်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ဇူလိုင်လ ၉ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အရ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အစစ်ကို ထုတ်ပေးနိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာနိုင်ငံခြားသားလုပ်သားတွေအနေနဲ့ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ ဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်ရှိတယ်ဆိုတာ ပြသနိုင်ဖို့ သတ်မှတ်ပေးတာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးက ပြောကြားပါတယ်။ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနက “ဘော်တော် ၆၂” (Bor Tor 62) ပုံစံကို ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်အဖြစ် အသုံးပြုရန် သတ်မှတ်ထားတာပါ။ ဒီစာရွက်စာတမ်းမှာ နိုင်ငံခြားသားလုပ်သားရဲ့ ကိုယ်ရေးအချက်အလက်၊ ပတ်စ်ပို့၊ ဗီဇာ၊ အလုပ်ရှင် ၊လုပ်ငန်းခွင်အချက်အလက်၊ ရာထူးနဲ့ လုပ်ငန်းခွင်တည်နေရာတွေပါဝင်ပါတယ် ။ ဒါ့အပြင် ဆေးကုသမှုခံယူခွင့်ဆိုင်ရာ အချက်အလက်တွေစတဲ့ […]

Read article
Aggregated News Jobs via Migrant Times

ကမ္ဘောဒီးယားက စကမ်မာလုပ်ငန်းဝင် ထိုင်း ၇၂ ဦးကို ပြန်ပို့

ကမ္ဘောဒီးယားအာဏာပိုင်များက အွန်လိုင်းလိမ်လည်သည့် စကမ်မာလုပ်ငန်းများအား နှိမ်နင်းဖမ်းဆီးမှုအတွင်း ဖမ်းမိခဲ့သည့် ထိုင်းနိုင်ငံသား ၇၂ ဦးကို ပြန်လွှဲပြောင်းခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ယနေ့ ၊ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ထိုင်းတာဝန်ရှိသူများသည် စရကဲခရိုင်၊ အရဉ္စပရထက်မြို့နယ်၊ ဘန်ကလောင်လပ် နယ်စပ်ဂိတ်ရှိ ဘူရဖာစစ်ဌာနချုပ်နယ်မြေတွင် ကမ္ဘောဒီးယားအာဏာပိုင်များက ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ထိုင်းနိုင်ငံသား ၇၂ ဦးကို လက်ခံခဲ့ခြင်းဖြစ်သည်။ ပြန်လည်ရောက်ရှိလာသူများကို လူကုန်ကူးမှု ခံရသူများ ပါဝင်ခြင်း ရှိမရှိစစ်ဆေးခဲ့ပြီး အခြေခံအကူအညီများကို ပေးအပ်ခဲ့သည်။ ပြန်လည်လက်ခံခြင်းသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ အွန်လိုင်းလိမ်လည်မှုများကို ကာကွယ်သည့် အစီအမံများကို မြှင့်တင်ရန်နှင့် ထိုင်းနိုင်ငံသားများ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း တရားမျှတမှု ရရှိစေရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းကဖော်ပြသည်။ #MigrantTimes #ရွှေ့ပြောင်း #အလုပ်သမား #ထိုင်း […]

Read article

Email alerts

Get notified when new embassy notices or diaspora news are published. Unsubscribe anytime.

Notify me about