MMK Hub
News

News

Updates for the Myanmar diaspora — visas, remittances, and community alerts.

Aggregated News Business via BBC News မြန်မာ

အမေရိကန်က အရပ်သားအဆောက်အဦတွေကို တိုက်ခိုက်မှုအသစ်တွေထပ်လုပ်တယ်- အီရန်

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံအတွင်းရှိ တံတားတွေကို ထိမှန်ခဲ့တယ်လို့ အီရန်က ပြောပြီး၊ တင်းမာမှုတွေ ပိုမိုမြင့်တက်လာချိန်မှာ အမေရိကန်က ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတစ်စင်းကို တက်ရောက်စစ်ဆေးခဲ့ပါတယ်။

Read article
Aggregated News Business via BBC News မြန်မာ

ထရမ့်အစိုးရရဲ့ ပညာရေးဗီဇာနဲ့နေထိုင်ခွင့်ကာလတင်းကျပ်မှုနဲ့ မြန်မာကျောင်းသားတွေ

စည်းမျဉ်းသစ်အရ ကျောင်းသားတွေဟာ အမေရိကန်မှာ လေးနှစ်ထက်ပိုပြီး ဆက်လက်ပညာသင်ကြားနေထိုင်လိုပါက အမေရိကန်အစိုးရထံက ခွင့်ပြုချက် ရယူရမှာဖြစ်ပြီး၊ တက္ကသိုလ်တွေအနေနဲ့လည်း အရင်လို ဗီဇာသက်တမ်းတိုးပေးနိုင်တဲ့ အခွင့်အာဏာ မရှိတော့ပါဘူး။

Read article
Aggregated News Business via Migrant Times

ဘန်ကောက် ဘီယာဆိုင်မီးလောင်မှု သေဆုံးသူ ၃၂ ဦးထိတိုး

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊လတ်ဖရောခရိုင်ရှိ Na Lat Phrao Brewery ဘီယာဆိုင်မှာဇူလိုင် ၁၂ ရက်နေ့ ၊ ညသန်းခေါင်ခန့်က မီးအပြင်အထန်လောင်ကျွမ်းမှုကြောင့် ဆိုင်အတွင်း၂၇ ဦးသေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဗဟိုဆေးရုံကြီး မှုခင်းဆေးပညာဌာနရဲ့ ဇူလိုင် ၁၄ ရက်ထုတ်ပြန်ချက်အရ ဘီယာဆိုင် မီးလောင်မှုကြောင့် ဒဏ်ရာရခဲ့သူတွေထဲက စိုးရိမ်ရတဲ့လူနာ ၅ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူဦးရေ ၃၂ ဦးအထိ မြင့်တက်ခဲ့တာပါ။ သေဆုံးသူတွေထဲက မိသားစုဝင် ၃၀ ကရုပ်အလောင်းခွဲခြားသတ်မှတ်နိုင်ဖို့ ဒီအန်အေ (DNA) နမူနာတွေပေးအပ်ထားကြတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက သေဆုံးသူတွေထဲက ၃၂ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ မိသားစု ၂၈ စုက ရုပ်အလောင်းတွေကို လာရောက်ထုတ်ယူသွားပြီးဖြစ်တယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။ သေဆုံးသူတွေကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်တဲ့လုပ်ငန်းစဉ်ကို […]

Read article
Aggregated News Overseas Workers via Migrant Times

ရက်ချိန်းအတွင်း Work Permit မထုတ်တဲ့ ရွှေ့ပြောင်းလုပ်သား တွေ တရားမဝင်လုပ်သား ဖြစ်မယ်

ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ရက်ချိန်းအတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ် Work Permit မထုတ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားမဝင်လုပ်သား ဖြစ်သွားမယ်လို့ အလုပ်အကိုင်ခန့်ထားရေးဌာနကထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံမှာ လတ်တလော E-Workpermit စနစ်အတွင်း ရက်ချိန်းရယူမှု အဆင်မပြေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘီတီ ၆၂) ကိုအသုံးပြုနိုင်တဲ့စီမံချက်ကို အလုပ်အကိုင်ခန့်ထားရေးဌာနက ဆောင်ရွက်နေပါတယ်။ ဒီယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို E-Workpermit စနစ်ကနေ လုပ်ငန်းရှင် ဒါမှမဟုတ် ရွှေ့ပြောင်းလုပ်သားတွေက ချက်ချင်း ထုတ်ယူနိုင်ပါတယ်။ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရရှိထားပေမယ့်လည်း မူရင်းအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ယူဖို့နဲ့ ဇီဝအချက်အလက် (Biometrics) ကောက်ယူဖို့အတွက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရေးဝန်ဆောင်မှုစင်တာကို မဖြစ်မနေ သွားရောက်ရမယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့ ရက်ချိန်းအတိုင်း သွားရောက်ဆောင်ရွက်ခြင်း မရှိပါက ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ချက်ချင်း ကုန်ဆုံးသွားမှာဖြစ်ပြီး တရားမဝင်လုပ်သား […]

Read article
Aggregated News Jobs via Migrant Times

ထိုင်းအစိုးရက ပြည်နှင်ဒဏ်ပေးနိုင်သည့် အကြောင်းအရင်း ၆ ချက်ကို သတ်မှတ်

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်း၊ အလုပ်လုပ်ကိုင်ခြင်း (သို့မဟုတ်) စီးပွားရေးလုပ်ကိုင်ခြင်းများအပြင် ပြင်းထန်သော ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ကျခံထားရသည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရန်အတွက် တရားဝင်လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားသည့် စည်းမျဉ်းမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်သည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါး သာနားဒီရက်ခ် (Ratchada Thanadirek) က ယမန်နေ့(အင်္ဂါနေ့)က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ်ရုံး၏ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းမူကြမ်းကို အတည်ပြုခဲ့ကြောင်း ပြောကြားသည်။ အဆိုပါ စည်းမျဉ်းများတွင် အာဏာပိုင်များက နှင်ထုတ်ရန် လိုအပ်သည်ဟု ယူဆပါက ပြည်နှင်ဒဏ်ပေးနိုင်သည့် ပြစ်မှုအမျိုးအစား ၆ ခုကို သတ်မှတ်ထားသည်။ ယင်းစည်းမျဉ်းများသည် ၁။ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် ဆက်လက်နေထိုင်ခြင်း၊ ၂။ နိုင်ငံခြားသား အလုပ်အကိုင်ခန့်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခြင်း၊ […]

Read article
Aggregated News Business via Migrant Times

Update – ဘန်ကောက် ဘီယာဆိုင်မီးလောင်မှု သေဆုံးသူ ၃ဝ ထိတိုး

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊လတ်ဖရောခရိုင်ရှိ Na Lat Phrao Brewery ဘီယာဆိုင်တွင် ဇူလိုင် ၁၂ ရက်နေ့ညသန်းခေါင်ခန့်၌ မီးအပြင်အထန်လောင်ကျွမ်းမှုကြောင့် ၂၇ ဦးဆိုင်အတွင်းသေဆုံးခဲ့သည်။ Chatuchak ခရိုင်ရုံး၏ ထုတ်ပြန်ချက်အရ ၎င်းဆိုင်မီးလောင်မှုကြောင့် နောက်ဆက်တွဲ သေဆုံးသူဦးရေမှာ ၃၀ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်း Thai PBS သတင်းကယနေ့ဖော်ပြသည်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ အရေအတွက်ကို ၇၁ ဦးအဖြစ် အာဏာပိုင်များက ပြင်ဆင်သတ်မှတ်ထားသည်။ ယင်းတို့အနက် ၂၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကာ၊ ၁၄ ဦးမှာ ဒဏ်ရာအလယ်အလတ် ရရှိပြီး ၃၂ ဦးမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည့် လူနာအားလုံး ဆေးရုံမှ ဆင်းသွားကြပြီဖြစ်သည်။ မီးလောင်ရသည့် အကြောင်းရင်းကို […]

Read article
Aggregated News Overseas Workers via Migrant Times

အယုဒ္ဓယမှာ ဘတ် ၂ သောင်းထိ ပွဲစားခပေးဝင်လာတဲ့ မြန်မာ ၂၂ ဦးဖမ်းခံရ

ထိုင်းနိုင်ငံ ၊ အယုဒ္ဓယခရိုင် ၊ လမ်းမကြီးတခုပေါ်မှာ ကား ၃ စီးနဲ့ တရားမဝင်ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၂၂ ဦးကို ဖမ်းမိခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့က ဒီနေ့ ဇူလိုင် ၁၄ ရက်မှာထုတ်ပြန်ပါတယ်။ အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တွေဟာ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းရှိတယ်လို့ကြိုတင်သတင်းအရ စောင့်ဆိုင်းခဲ့ကြတယ်လို့ဖော်ပြပါတယ်။ စောင့်ဆိုင်းနေစဉ်မှာ မှန်အမည်းကပ်ထားပြီး ပုံမှန်ထက် ပိုမိုလေးလံတဲ့ အလေးချိန်ကို သယ်ဆောင်ထားပုံရတဲ့ ကား ၃ စီးကို  စစ်ဆေးဖို့ တားဆီးခဲ့ပါတယ်။ ကား ၃ စီးစလုံးမှာ ခရီးသည်တွေ ပြည့်ကျပ်စွာ တင်ဆောင်လာခဲ့ပြီး မြန်မာနိုင်ငံသား ၂၂ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦး၊ စုစုပေါင်း ၂၃ ဦးကို တွေ့ရှိခဲ့ပါတယ်။ ယာဉ်မောင်းဖြစ်သူက ဆာရာဘူရီကနေ […]

Read article
Aggregated News Jobs via Migrant Times

လုပ်ငန်းခွင်ထိခိုက်ခဲ့သည့် မြန်မာလုပ်သား ၁ ဦး နစ်နာကြေး ဘတ် ၅ သိန်းရ

ထိုင်းနိုင်ငံ၊ အယုဒ္ဓမြို့နယ်တွင် လုပ်ငန်းခွင်ထိခိုက်ခဲ့သည့် မြန်မာအလုပ်သမား ၁ ဦး၏ နစ်နာကြေး ဘတ် ၅ သိန်းရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။ ၎င်းသည် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စင်ထိဝါရပ်ကွက်အတွင်းရှိ သံထည်နှင့် ထွန်စက် အပိုပစ္စည်းစက်ရုံ၌ မတော်တဆထိခိုက်မှုဖြစ်ရာမှ လက်ကောက်ဝတ်အထက်နားထိဖြတ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအလုပ်သမား ကိုအာကာဖြိုးသည် သူ၏ထိခိုက်ဆုံးရှုံးမှုအတွက် နစ်နာကြေးရရှိရန် WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ “အဓိကတော့ သူက စာရွက်စာတမ်းကမပြည့်စုံသေးဘူး။ တရားမဝင်အလုပ်သမားဖြစ်နေတယ်ပေါ့နော်။ အလုပ်လုပ်နေတာ လေးရက်ပဲရှိသေးတာဖြစ်တော့ မြို့နယ် ဆဝါဒီကန်(အလုပ်သမားရုံး)နဲ့ မြို့နယ် ပကန်စခွန်(လူမှုဖူလုံရေး)ကို ဒီအလုပ်သမားအတွက် ရရှိဖို့ညှိနှိုင်းပေးခဲ့ရတာပါ” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။ ယင်းကိစ္စကို WAG […]

Read article
Aggregated News Jobs via Migrant Times

မလေးရှားမှာ တရားမဝင် မြန်မာလုပ်သား ၁၅ ဦး ထိန်းသိမ်းခံရ

မလေးရှားနိုင်ငံ ၊ ကဒါးပြည်နယ်၊ ကွာလာမူဒါတစ်ဝိုက်ကို ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၃ ရက်မှာဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၁၅ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦးတို့ ထိန်းသိမ်းခံခဲ့ရပါတယ်။ လုပ်ငန်းခွင်နေရာ (၈) ခုကို စစ်ဆေးခဲ့ပြီး မလေးရှားနိုင်ငံသား ၅၂ ဦးနဲ့ နိုင်ငံခြားသား ၂၄ ဦး အပါအဝင် စုစုပေါင်း လူဦးရေ ၇၆ ဦးတို့ကို စစ်ဆေးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) ကထုတ်ပြန်ပါတယ်။ အဲ့ဒီထဲက တရားမဝင်ဝင်ရောက်နေထိုင်သူ ၂၂ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေတွေအရ ပြစ်မှုအမျိုးမျိုးကျူးလွန်တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ ထိန်းသိမ်းခံရသူတွေမှာ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင်ခရီးသွားစာရွက်စာတမ်း မရှိခြင်း၊ ခွင့်ပြုထားတဲ့ကာလထက် ကျော်လွန်ပြီး […]

Read article
Aggregated News Jobs via Migrant Times

မြန်မာ ၊ လာအိုနဲ့ ဗီယက်နမ်လုပ်သားတွေကို လုပ်ကိုင်ခွင့် ၁ နှစ်တိုးပေးဖို့ ထိုင်းအစိုးရအတည်ပြု

ထိုင်းနိုင်ငံရှိ မြန်မာ ၊ လာအိုနဲ့ ဗီယက်နမ်အလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်သက်တမ်း ၁ နှစ်တိုးပေးဖို့ ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်တယ်လို့ အလုပ်သမားဝန်ကြီး မစ္စတာ ဂျုလဖန်အမ်ရာဗီဗတ်ကပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ ကက်ဘိနက်အစည်းအဝေးမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်စွဲပါ သတ်မှတ်ထားတဲ့အတိုင်း မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် အလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကို တိုးမြှင့်ပေးဖို့ အတည်ပြုခဲ့တာလို့ အလုပ်သမားဝန်ကြီးကဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတင်ထားခဲ့ကြတဲ့ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် အလုပ်သမားတွေကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားတာပါ။ ဒီအလုပ်သမားတွေကို ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့် ၁ နှစ် ပြုလုပ်ပေးမှာဖြစ်ပြီး အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနက ချမှတ်ထားတဲ့ […]

Read article

Email alerts

Get notified when new embassy notices or diaspora news are published. Unsubscribe anytime.

Notify me about