MMK Hub
News

News

Category: Aggregated News

Aggregated News Overseas Workers via Migrant Times

ချင်းမိုင်တွင် ရဲတပ်ဖွဲ့က ခရီးသွားအသွင်ယူပြီး မြန်မာ ဧည့်လမ်းညွှန်ကိုဖမ်း

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် ခရီးသွားရဲတပ်ဖွဲ့က ကမ္ဘာလှည့်ခရီးသွားအသွင်ယူကာ တရားမဝင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသား ဧည့်လမ်းညွှန် ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ ဖော်ပြသည်။ ချင်းမိုင်မြို့ရှိ Wat Chedi Luang နာမည်ကြီးဘုရားကျောင်းတွင် ရဲအရာရှိများက မက္ကဆီကိုနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအသွင် ရုပ်ဖျက်၍ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းဘုရားကျောင်းတစ်ခုတွင် တရားမဝင် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည်ဟု စွပ်စွဲခံရသော မြန်မာနိုင်ငံသား ၁ ဦးကို ခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ခွဲ ၂ မှ အရာရှိများ၏ စုံစမ်းစစ်ဆေးမှုအပြီးတွင် အသက် ၃၉ နှစ်အရွယ် စောအမည်ရှိမြန်မာနိုင်ငံသား သံသယရှိသူအား ဝပ်ချေဒီလွန်း (Wat Chedi Luang) ဘုရားကျောင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က သံသယရှိသူအား တရားဝင်လိုင်စင်မရှိဘဲ ကမ္ဘာလှည့်ခရီးသွားဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခြင်း […]

Read article
Aggregated News Business via Migrant Times

ဘတ် ၄ဝ တန် အစားအသောက်စီမံကိန်း ထိုင်းဆောင်ရွက်မည်

လာမည့်လတွင် အသင့်စားအစာအစာများကို တစ်ပွဲလျှင် ၄၀ ဘတ်နှုန်းဖြင့် ရောင်းချခွင့်ပြုမည့် စီမံကိန်းတစ်ခုကို စတင်ရန် အစိုးရက စီစဉ်နေကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အဆိုအရ သိရသည်။ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး စုဖာဂျီ စုထမ်ဖန်(Suphajee Suthumpun) က အစားအသောက်ရောင်းချသူများကို ဘတ် ၄၀ တန် အစားအစာစီမံကိန်းတွင် ပါဝင်ရန် ဖိတ်ခေါ်နေကြောင်း ပြောကြားသည်။ အဆိုပါစီမံကိန်းကို ဇူလိုင်လကုန်တွင် စတင်နိုင်မည်ဟု မျှော်လင့်ထားပြီး စားဝတ်နေရေးစရိတ်များကို လျှော့ချရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ စီမံကိန်း၏ ကနဦးသက်တမ်းမှာ သုံးလဖြစ်သော်လည်း သက်တမ်းတိုးမြှင့်နိုင်ကြောင်းသိရသည်။ ထိုင်းတွင် လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အစားအသောက်ရောင်းချသူများက တစ်ပွဲလျှင် ၅ ဘတ်မှ ၁၀ ဘတ်အထိ စျေးနှုန်းမြှင့်တင်ခဲ့ကြပြီး ယခုအခါ ဈေးနှုန်းများမှာ ဘတ် ၅၀ […]

Read article
Aggregated News Business via BBC News မြန်မာ

ငလျင်တွေပိုများလာတာကရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေလား

လူနေထူထပ်တဲ့ ဒေသတွေမှာ မြေငလျင်လှုပ်ခတ်တိုင်း မေးခွန်းတူတစ်ခုက အမြဲထွက်ပေါ်လာပါတယ်။ မြေငလျင်တွေ အရင်ကထက် ပိုမကြာခဏ ဖြစ်လာသလား၊ လူသေဆုံးမှု ပိုများလာသလား၊ ဒါတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့်လား ဆိုတဲ့ မေးခွန်းတွေပါ။

Read article
Aggregated News Business via BBC News မြန်မာ

လေယာဉ်ပျံနေချိန် ပြတင်းပေါက်ပျက်စီးလို့ ခရီးသည်အသက်အန္တရာယ်ကြုံ

လေယာဉ်အပြင်ဘက်လေထုထဲကို စုပ်ထုတ်မခံရအောင် ဇနီးက ခင်ပွန်းသည်ရဲ့ ခြေထောက်ကို ငါးမိနစ်ခန့် ဆွဲထားခဲ့ရတယ်လို့ ပြောပါတယ်။

Read article
Aggregated News Business via BBC News မြန်မာ

ကိုယ်တော်တွေရေးတဲ့ဖူးစာ – လူငယ်တွေဖူးစာဆုံဖို့ တောင်ကိုရီးယားဘုန်းကြီးတွေဘယ်လိုကူညီနေလဲ

တောင်ကိုရီးယားမှာ ဖူးစာဖက်ရှာဖို့ခက်ပါတယ်။ အခုတော့ တောင်ကိုရီးယားဘုန်းတော်ကြီးအချို့က လူငယ်တွေ ဖူးစာဆုံနိုင်ဖို့ ကျေးလက်ကျောင်း၀င်းမှာ တွေ့ဆုံနိုင်ရေး စီစဉ်ထားပါတယ်။ ကိုယ်တော်တွေ ရေးတဲ့ဖူးစာ တကယ်ဆုံနိုင်မှာပါလား။

Read article
Aggregated News Business via BBC News မြန်မာ

ဘန်ကောက်က စားသောက်ဆိုင်မီးလောင်မှု သေဆုံးသူ ၂၇ ဦးအထိရှိ

ဘန်ကောက်က စားသောက်ဆိုင်(ဘား) မီးလောင်မှုမှာ သေဆုံးသူ ၂၇ ဦးအထိရှိလာတဲ့သတင်းအပါအဝင် ဇူလိုင် ၂၃ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

Read article
Aggregated News Overseas Workers via Migrant Times

ထိုင်းမှာ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်နိုင်မယ်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်ရှင်တွေ အဆင်ပြေစေဖို့အတွက် ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးမယ်လို့ အလုပ်သမားရေးဝန်ကြီး မစ္စတာဂျုလဖန် အမွန်ဝိဝပ်ကပြောပါတယ်။ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနကလည်း နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားခြင်း၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ထုတ်ပေးခြင်းနဲ့ အကြောင်းကြားခြင်းတွေအတွက် စာရွက်စာတမ်း အထောက်အထားတွေ သတ်မှတ်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ဇူလိုင်လ ၉ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အရ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အစစ်ကို ထုတ်ပေးနိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာနိုင်ငံခြားသားလုပ်သားတွေအနေနဲ့ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ ဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်ရှိတယ်ဆိုတာ ပြသနိုင်ဖို့ သတ်မှတ်ပေးတာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးက ပြောကြားပါတယ်။ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနက “ဘော်တော် ၆၂” (Bor Tor 62) ပုံစံကို ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်အဖြစ် အသုံးပြုရန် သတ်မှတ်ထားတာပါ။ ဒီစာရွက်စာတမ်းမှာ နိုင်ငံခြားသားလုပ်သားရဲ့ ကိုယ်ရေးအချက်အလက်၊ ပတ်စ်ပို့၊ ဗီဇာ၊ အလုပ်ရှင် ၊လုပ်ငန်းခွင်အချက်အလက်၊ ရာထူးနဲ့ လုပ်ငန်းခွင်တည်နေရာတွေပါဝင်ပါတယ် ။ ဒါ့အပြင် ဆေးကုသမှုခံယူခွင့်ဆိုင်ရာ အချက်အလက်တွေစတဲ့ […]

Read article
Aggregated News Jobs via Migrant Times

ကမ္ဘောဒီးယားက စကမ်မာလုပ်ငန်းဝင် ထိုင်း ၇၂ ဦးကို ပြန်ပို့

ကမ္ဘောဒီးယားအာဏာပိုင်များက အွန်လိုင်းလိမ်လည်သည့် စကမ်မာလုပ်ငန်းများအား နှိမ်နင်းဖမ်းဆီးမှုအတွင်း ဖမ်းမိခဲ့သည့် ထိုင်းနိုင်ငံသား ၇၂ ဦးကို ပြန်လွှဲပြောင်းခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ယနေ့ ၊ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ထိုင်းတာဝန်ရှိသူများသည် စရကဲခရိုင်၊ အရဉ္စပရထက်မြို့နယ်၊ ဘန်ကလောင်လပ် နယ်စပ်ဂိတ်ရှိ ဘူရဖာစစ်ဌာနချုပ်နယ်မြေတွင် ကမ္ဘောဒီးယားအာဏာပိုင်များက ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ထိုင်းနိုင်ငံသား ၇၂ ဦးကို လက်ခံခဲ့ခြင်းဖြစ်သည်။ ပြန်လည်ရောက်ရှိလာသူများကို လူကုန်ကူးမှု ခံရသူများ ပါဝင်ခြင်း ရှိမရှိစစ်ဆေးခဲ့ပြီး အခြေခံအကူအညီများကို ပေးအပ်ခဲ့သည်။ ပြန်လည်လက်ခံခြင်းသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ အွန်လိုင်းလိမ်လည်မှုများကို ကာကွယ်သည့် အစီအမံများကို မြှင့်တင်ရန်နှင့် ထိုင်းနိုင်ငံသားများ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း တရားမျှတမှု ရရှိစေရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းကဖော်ပြသည်။ #MigrantTimes #ရွှေ့ပြောင်း #အလုပ်သမား #ထိုင်း […]

Read article
Aggregated News Overseas Workers via Migrant Times

CI စင်တာမှာ အပိုငွေကောက်ခံသည့်ကိစ္စ မြန်မာနှင့်ဆွေးနွေးမည်ဟု ထိုင်းဘက်ကပြော

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(Certificate of Identity) ထုတ်ပေးသည့် CI စင်တာများတွင် ပြေစာမရှိဘဲ အပိုငွေများ ကောက်ခံနေသည်ဟူသော သတင်းများနှင့်ပတ်သက်ပြီး မြန်မာဘက်တာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဂျူလဖန်အမွန်ဝီဝပ် ကပြောကြားသည်။ ဝန်ကြီး ဂျူလဖန်က CI စင်တာသို့ ဝင်ရောက်ခွင့်ရရှိရန်အတွက် ပုံမှန်အခကြေးငွေများအပြင် ပြေစာမရှိဘဲ အပိုငွေများ ကောက်ခံနေသည်ဟူသော သတင်းဖော်ပြချက်များနှင့်ပတ်သက်၍ ရွှေ့ပြောင်းလုပ်သားများကို ဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်သွင်းခြင်းအား အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။ ဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးရန်အတွက် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာဌာနများနှင့် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ရန် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနအား ညွှန်ကြားထားပြီးဖြစ်ကြောင်း၎င်းကဆိုသည်။ အလုပ်သမားဝန်ကြီးက ယခင်က မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ထိုင်းနိုင်ငံအတွင်းရှိ ၎င်းတို့၏ လုပ်သားများကို နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ကြသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံတစ်ခုတည်းသာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်းလုပ်ငန်းကို […]

Read article
Aggregated News Jobs via Migrant Times

ထိုင်းမှာ မြန်မာလုပ်သား ၁ဝဝ ကျော်လုပ်ခ ဘတ် ၂ သန်းကျော်မရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီလာချာမြို့နယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက မြန်မာလုပ်သား ၁၁ဝဦးရဲ့လုပ်ခ ဘတ် ၂ သန်းကျော် (၂,၂၂၀,၀၀၀)မရရှိတဲ့အတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ကထုတ်ပြန်ပါတယ်။ မြန်မာလုပ်သားတွေရဲ့ ရက် ၄၀ စာ လုပ်အားခ ဘတ် ၂ သန်းကျော်ကို အလုပ်ရှင်ကမရှင်းပေးပဲ ဇွန်လ ၂၇ ရက်နေ့မှာ အလုပ်နားခဲ့တာလို့ သိရပါတယ်။ WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက “လက်ရှိတော့ ကျွန်တော်တို့ မြို့နယ် ဆဝါဒီကန်(အလုပ်သမားရုံး)မှာ လာပြီးအကူအညီတောင်းတယ်ပေါ့ ။ ဘာလို့လဲဆိုတော့ သူတို့က တိုင်လို့မရတဲ့အနေထားဖြစ်နေတယ်။ ဘာလို့ဆိုင်မရလဲဆိုတော့ သူတို့မှာက စာရွက်စာတမ်းမပြည့်စုံဘူးဖြစ်နေတယ်။ ကျွန်တော်တို့က ဒီစက်ရုံကို အဖွဲ့စုံနဲ့ ဝင်စစ်ဆေးဖို့တောင်းဆိုတဲ့အချိန်မှာ သူတို့ကတော့ ဝင်စစ်မယ်။ ဒါပေမဲ့ အလုပ်သမားတွေမှာ စာရွက်စာတမ်းတွေ မပြည့်စုံတာတွေတွေ့နေရတော့ သူတို့ဝင်စစ်တဲ့အချိန် မပြည့်စုံတဲ့လူတွေရှိရင်တော့ […]

Read article