တရုတ်ကလေး ၁၆၄ ဦးအား ထိုင်းဖခင်အမည်ဖြင့် မွေးစာရင်းတု လုပ်ပေးသူတွေကိုဖမ်း
ထိုင်းနိုင်ငံတွင် တရုတ်ကလေးငယ် ၁၆၄ ဦးကို ထိုင်းနိုင်ငံသားဖြစ်ခွင့် ရရှိစေရန် ကူညီပေးခဲ့သည်ဟု ဆိုကာမွေးစာရင်းအတု ပြုလုပ်ပေးသည့် ဆေးရုံနှင့် ခရိုင်ရုံး ဝန်ထမ်းများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ၎င်းကလေးများ၏မွေးစာရင်းတွင် ထိုင်းဖခင်အမည်အတုများ အသုံးပြုထားခြင်းဖြစ်ကြောင်းထိုင်းသတင်းက ဖော်ပြသည်။ ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆမ်ရန်သည် ယနေ့ ၊ ဇူလိုင်လ ၉ ရက် ၊ ကြာသပတေးနေ့တွင် မြို့တော်ရဲတပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ ယင်းအမှုကိုအရှိန်အဟုန်မြှင့် နှိမ်နင်းရန် ပြင်ဆင်နေကြောင်းပြောကြားသည်။ အဆိုပါ စစ်ဆင်ရေးသည် ဘန်ကောက်မြို့ သွန်ဘူရီ (Thonburi) ဘက်ခြမ်းရှိ ဆေးရုံတစ်ခုမှ ဝန်ထမ်းများ၊ ခရိုင်ရုံးတစ်ခုမှ အရာရှိများနှင့် ပူးပေါင်းကာ နိုင်ငံခြားသား ကလေးငယ်များအတွက် ဖခင်ဖြစ်ကြောင်း မမှန်မကန် ဝန်ခံပေးခဲ့သည့် ငွေယူသည့် ထိုင်းဖခင်အတုများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်းသိရသည်။ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့သည် သွန်ဘူရီရှိ […]
Read article