MMK Hub
News

News

Category: Aggregated News

Aggregated News Jobs via Migrant Times

ထိုင်းနိုင်ငံသားများကို အမည်ခံအသုံးပြုသည့် မြန်မာ ၇ ဦးကို ဖမ်း၀ရမ်းထုတ်ပြီး ၃ ဦးဖမ်းမိ

ထိုင်းနိုင်ငံသားများကို အစုရှယ်ယာရှင်များအဖြစ် အသုံးပြုကာ မြေကွက်များကို တရားမဝင်ပိုင်ဆိုင်ထားသည့် သံသယဖြစ်ဖွယ် ကွန်ရက်တစ်ခုကို ရဲတပ်ဖွဲ့ကဖော်ထုတ်ခဲ့သည်။ ၎င်းနောက် ထိုင်းနိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား ၇ ဦး၊ အိန္ဒိယနိုင်ငံသား ၃ ဦး၊ အင်္ဂလန်နိုင်ငံသား ၁ ဦးနှင့် တရုတ်နိုင်ငံသား ၉ ဦးတို့ကို ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၎င်းအနက် သံသယရှိသူ ၅ ဦးကို ဖမ်းမိခဲ့ပြီး၂ ဦးမှာ အိန္ဒိယနိုင်ငံသားများနှင့် ၃ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ထိုင်းသတင်းကယနေ့ ဖော်ပြသည်။ ယင်းကွန်ရက်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့သည် အင်အား ၂၅၀ ကျော်ဖြင့် ချင်းမိုင်ခရိုင်ရှိ နေရာ ၁၈ ခုကို ဝင်ရောက်ရှာဖွေခဲ့ရာ စုစုပေါင်း အမှုတွဲ ၃၁ မှု၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘတ် ၆၃၃ […]

Read article
Aggregated News Business via BBC News မြန်မာ

ကမ္ဘာ့ဖလားမှာ စပိန်က အာဂျင်တီးနားကိုနိုင်တာ ဘောလုံးလောက အောင်ပွဲလား

စပိန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အနိုင်ရမှုကို "ဘောလုံးလောကအတွက် အောင်ပွဲ" တစ်ခုလို့ ခေါ်တာက ရိုးနေတဲ့စကားလို့ ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ စပိန်အနိုင်ရတာကို အဲဒီလို ဖော်ပြတာကို သဘောမတူတဲ့ ဘက်မလိုက်ပရိသတ်တွေကတော့ သိပ်များမယ် မထင်ပါဘူး။

Read article
Aggregated News Overseas Workers via Migrant Times

ပတ္တရား ညကလပ်မှာ မြန်မာလုပ်သား ၄ ဦးပါ ၁၁ ဦးဖမ်းခံရ

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင် ၊ ပတ္တရားမြို့မှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄ ဦးနဲ့အတူ အိန္ဒိယနိုင်ငံသား ၇ ဦးကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနကထုတ်ပြန်ပါတယ်။ မနေ့က ဇူလိုင်လ ၁၉ ရက်နေ့ ၊ ညသန်းခေါင်ကျော်က ပတ္တရား Walking Street လမ်းမပေါ်ရှိ “The Nashaa Club” အပန်းဖြေလုပ်ငန်းခွင်က အလုပ်သမားတွေကို စစ်ဆေးစဉ်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ဖော်ပြပါတယ်။ စစ်ဆေးမှုအရ အဲ့ဒီနေရာမှာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားလုပ်သား စုစုပေါင်း ၈၁ ဦးကို တွေ့ရှိခဲ့ပါတယ်။ သူတို့တွေက မြန်မာနိုင်ငံသား ၅၃ ဦး၊ အိန္ဒိယနိုင်ငံသား ၂၃ ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား ၄ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၁ ဦးတို့ဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work […]

Read article
Aggregated News Jobs via Migrant Times

ဆူးပေါ်ကျတဲ့ ဖက်ရွက်များ

– ညီညီ “ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်တာပဲ၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်တာပဲ …” တံငါရွာက အဒေါ်ကြီးတစ်ယောက် ပြောလိုက်တဲ့ အဲဒီစကားကို ကျွန်တော် အခုထိ နားထဲ စွဲနေတုန်းပဲ။ သူပြောချင်တာကတော့ တိုင်းတစ်ပါးမှာ နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘာပဲဖြစ်ဖြစ်၊ ဘာပြဿနာပဲကြုံကြုံ နောက်ဆုံးတော့ ကိုယ်တွေပဲ နစ်နာရတယ်၊ ကိုယ်တွေပဲ အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတဲ့ သဘောမျိုးလို့ ကျွန်တော် နားလည်လိုက်ပါတယ်။ ပြီးခဲ့တဲ့လကတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် အဖွဲ့အစည်းတစ်ခုကို ကျေးဇူးတင်ဂုဏ်ပြုတဲ့ Story လေးတစ်ခု ရိုက်ဖို့ ထိုင်းတောင်ပိုင်းက တံငါရွာလေးတစ်ရွာကို သွားဖြစ်ခဲ့ကြတယ်။ ကျွန်တော်ကတော့ အထူးတလည် လုပ်စရာမရှိဘူး။ တွေ့သမျှလေးတွေ ဓာတ်ပုံလိုက်ရိုက်မယ်၊ ရွာထဲက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စကားပြောမယ်ဆိုတဲ့ စိတ်နဲ့ လိုက်သွားခဲ့တာပါ။ ရွာထဲကို ရောက်ရောက်ချင်း သတိထားမိတာက ပင်လယ်ရနံ့သင်းသင်းလေး။ ဆိပ်ကမ်းမှာတော့ […]

Read article
Aggregated News Jobs via Migrant Times

စံခလဘူရီမှာ ခိုးဝင်မြန်မာ ၄ဝ ဦးထပ်ဖမ်းခံရ

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီခရိုင် ၊ စံခလာဘူရီမြို့နယ် ၊နောင်လူးကျေးရွာအုပ်စု၊ အကွက် (၈) ရှိ ကျွဲကောခြံနောက်မှာ ပုန်းအောင်းနေတဲ့ တရားမဝင်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၃၉ ဦးနဲ့ မြန်မာ လမ်းပြ ၁ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်ညမှာဖမ်းမိခဲ့ပါတယ်။ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ရဲ့အဆိူအရ ကင်းလှည့်နေစဉ်အတွင်း ကျွဲကောခြံနောက်ဘက် တောစပ်မှာ စုထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တွေကို တွေ့ရှိခဲ့ပါတယ်။ သူတို့အားလုံးကို စကားပြန်ကတစ်ဆင့် မေးမြန်းခဲ့ရာ ထိုင်းနိုင်ငံအတွင်း သဘာဝတောလမ်းအတိုင်း လမ်းလျှောက်ဝင်ရောက်လာကြတယ်လို့ ဝန်ခံခဲ့ကြပါတယ်။ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့အတွက် ဥပဒေအရ အရေးယူဖို့ သက်ဆိုင်ရာရဲစခန်းကိုလွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၁၆ ရက်ကလည်း စံခလာဘူရီမြို့နယ် ၊နောင်လူးကျေးရွာအုပ်စု၊ အကွက် (၈) ရှိ လိမ္မော်ခြံဧရိယာအတွင်းမှာ […]

Read article
Aggregated News Jobs via Migrant Times

ချင်းမိုင်တွင် ဖမ်းဆီးရိုက်နှက်ခံရသည့် တိုင်းရင်းသား ဆင်ထိန်းဦးထွန်းအီအတွက် တရားမျှတမှုရှာနေ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် ၊ မယ့်တန်မြို့နယ်ရှိ ဆင်ဥယျာဉ်တခုတွင် အလုပ်လုပ်ကိုင်နေသည့် တိုင်းရင်းသား ဆင်ထိန်းဦးထွန်းအီသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ ညတွင်ကား၂ စီးဖြင့်တင်ဆောင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ဇူလိုင်လ ၁၅ ရက်နေ့ ၊ နံနက်တွင် ဒဏ်ရာအပြင်းအထန်ဖြင့် လမ်းဘေးတနေရာတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ၎င်းနောက် ယနေ့ ၊ ဇူလိုင်လ ၂၀ ရက် နံနက်၌ ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့ဌာနချုပ်တွင် ကရင်တိုင်းရင်းသားတစ်စုနှင့်အတူ လူမဆန်စွာ အရိုက်အနှက်ခံခဲ့ရသူ ဦးထွန်းအီ၏ဇနီးသည်က တရားမျှတမှုရရှိရန်နှင့် ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ထံ အသနားခံစာ တင်သွင်းခဲ့သည်။ နစ်နာသူ၏ဇနီးသည်က ပြည်သူ့ပါတီမှ လွှတ်တော်အမတ်တစ်ဦးအကူအညီဖြင့် ချင်းမိုင်ရဲတပ်ဖွဲ့ ရဲချုပ်ကြီး ယုတ္ထနာ ကန်ချန်းထံ အသနားခံစာကို ပေးအပ်ခဲ့ရာ ၎င်းက ကိုယ်တိုင်လက်ခံရယူခဲ့သည်။ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့၏ […]

Read article
Aggregated News Jobs via Migrant Times

မြန်မာလုပ်သား ၅ဝ ကျော်ကို အလုပ်ရှင်က တာဝန်မယူတဲ့အတွက်တိုင်ကြား

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်မှာ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၆၆ ဦးထဲက ၁၅ ဦးကိုသာ အလုပ်ရှင်က အလုပ်သစ်ရှာပေးနေတာကြောင့် ကျန်ရှိအလုပ်သမားတွေ အခက်အခဲဖြစ်နေကြပါတယ်။ ကျန်ရှိတဲ့ အလုပ်သမား ၅၁ ဦးကို အလုပ်ရှင်ဘက်က တာဝန်ယူမှုမရှိတာကြောင့် WAG အဖွဲ့နဲ့ FED ရဲ့ အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်စဝဒ်ဒီကန်ရုံး(အလုပ်သမားရုံး)မှာ ဇူလိုင်လ ၁ဝ ရက်နေ့က ထပ်မံတိုင်ကြားခဲ့ပါတယ်။ “၁၅ ဦးက ကျန့်ခေါက်(အလုပ်လျှောက်အထောက်အထား)ထားတဲ့အတွက် သူတို့က လုပ်ပေးတာပေါ့။ ကျန်တဲ့လူတွေက ကျန့်မခေါက်ထားလို့ဆိုပြီးတော့ သူတို့က တာဝန်မယူတာပါ” လို့ WAG အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောပါတယ်။ အလုပ်ရှင်က အဲ့ဒီ ၁၅ ဦးကိုပဲ အလုပ်နားနေတဲ့ကာလအတွင်း လစာရဲ့ ၇၅ ရာခိုင်နှုန်းပေးပြီး […]

Read article
Aggregated News Jobs via Migrant Times

ထိုင်းက မြန်မာလုပ်သား ၃၈ ဦး ကိုးလနီးပါးကြာမှ နစ်နာကြေးရမယ်

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ အုန်းယိုင်မှာ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာလုပ်သား ၃၈ ဦးရဲ့နစ်နာကြေးတွေကို ကိုးလနီးပါးကြာမှသာ အလုပ်ရှင်ကပေးမယ်လို့ သဘောတူခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်ပါတယ်။ အလုပ်ရှင်က နစ်နာကြေးတွေကို တစ်လစီ လေးခါခွဲပေးမယ်လို့ မနေ့က ဇူလိုင်လ ၁၂ ရက်နေ့မှာ အလုပ်သမားတရားရုံးရဲ့ တရားသူကြီးနဲ့ MHAC အဖွဲ့ရှေ့နေတွေ အရှေ့မှာ လက်မှတ်ထိုးခဲ့တယ်လို့ MHAC အဖွဲ့ကဆိုပါတယ်။ “သူတို့က (မြန်မာအလုပ်သမားများ) နှစ်သက်တမ်းကြီးတဲ့လူတွေပါတယ်။ လုပ်သက်လိုက်ပြန်တွက်မယ်ဆိုရင် သူဌေးဘက်က တလုံးတခဲပေးဖို့အဆင်မပြေဘူး။ အဆင်မပြေဘူးဆိုတော့ သူဌေးဘက်က ညှိတာပေါ့နော်။ အကုန်လုံးပေးဖို့ဆိုတာထက် ခွဲပြီးတော့ပေးပါရစေပေါ့။ ဒါကိုလည်း အလုပ်သမားတွေက သဘောတူခဲ့ပါတယ်” လို့ MHAC အဖွဲ့၊ အမှုနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇင်က Migrant Times ကိုပြောပါတယ်။ အလုပ်ရှင်အနေနဲ့ နစ်နာကြေးပေးမယ်လို့ လက်မှတ်ထိုးပြီး ထပ်မံတိန်းရှောင်ရင် […]

Read article
Aggregated News Business via BBC News မြန်မာ

အမေရိကန်က အရပ်သားအဆောက်အဦတွေကို တိုက်ခိုက်မှုအသစ်တွေထပ်လုပ်တယ်- အီရန်

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံအတွင်းရှိ တံတားတွေကို ထိမှန်ခဲ့တယ်လို့ အီရန်က ပြောပြီး၊ တင်းမာမှုတွေ ပိုမိုမြင့်တက်လာချိန်မှာ အမေရိကန်က ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတစ်စင်းကို တက်ရောက်စစ်ဆေးခဲ့ပါတယ်။

Read article
Aggregated News Business via BBC News မြန်မာ

ထရမ့်အစိုးရရဲ့ ပညာရေးဗီဇာနဲ့နေထိုင်ခွင့်ကာလတင်းကျပ်မှုနဲ့ မြန်မာကျောင်းသားတွေ

စည်းမျဉ်းသစ်အရ ကျောင်းသားတွေဟာ အမေရိကန်မှာ လေးနှစ်ထက်ပိုပြီး ဆက်လက်ပညာသင်ကြားနေထိုင်လိုပါက အမေရိကန်အစိုးရထံက ခွင့်ပြုချက် ရယူရမှာဖြစ်ပြီး၊ တက္ကသိုလ်တွေအနေနဲ့လည်း အရင်လို ဗီဇာသက်တမ်းတိုးပေးနိုင်တဲ့ အခွင့်အာဏာ မရှိတော့ပါဘူး။

Read article