MMK Hub
News

News

Updates for the Myanmar diaspora — visas, remittances, and community alerts.

Aggregated News Business via BBC News မြန်မာ

ဇနီးဟောင်းကို ဒေါ်လာ ၆၄၄ သန်း ကွာရှင်းစရိတ်ပေးရတဲ့ တောင်ကိုရီးယား နည်းပညာ သူဌေးကြီး

ဘီလျံနာ သူဌေး ဖောက်ပြန်ပြီး တခြားအမျိုးသမီးနဲ့ ကလေး ရခဲ့ကြောင်း တွေ့ရှိပြီး ဆယ်နှစ်ကျော် အကြာမှာ ဒီလို ကွာရှင်းငွေ ကိစ္စ အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။

Read article
Aggregated News Jobs via Migrant Times

စမုစခွန်မှာ မြန်မာ ၁ ဦးကို စိတ်ကြွဆေးပြား ၇,၀၀၀ နီးပါးနဲ့ဖမ်းမိ

ထိုင်းနိုင်ငံ ၊ စမုစခွန်ခရိုင်၊ မောင်းမြို့နယ်၊ သာချင်းကျေးရွာအုပ်စု၊ ထိုင်းပင်လယ်ကမ်းစပ်တနေရာတွင် မြန်မာနိုင်ငံသား ၁ ဦးကို စိတ်ကြွဆေးပြား ၇,၀၀၀ နီးပါးနှင့် အိုက်စ် မှုးယစ်ဆေးဝါး ၈ ဂရမ် မှောင်ခိုတင်သွင်းမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့အဆိုအရ ယနေ့ ၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် နိုင်ငံခြားသားတစ်ဦးသည် မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းလာကြောင်း သတင်းရရှိခဲ့သည့်အတွက် ယင်းနေရာအားရှာဖွေခဲ့သည်။ ထို့နောက် ပင်လယ်ရေတားတံတိုင်းတစ်လျှောက်တွင်အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ဦးစိုးကိုတွေ့ရှိခဲ့ပြီး ၎င်းထံတွင် ဝှက်ထားသော စိတ်ကြွဆေးပြား ၆,၄၀၀ ပြားနှင့် အိုက်စ် ၈ ဂရမ် တို့ကို တွေ့ရှိခဲ့သည်။ ၎င်းအား မူးယစ်ဆေးဝါးများ (စိတ်ကြွဆေးပြားနှင့် အိုက်စ်) ကို လက်ဝယ်ထားရှိမှု၊ ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ နေထိုင်ခြင်းတို့ဖြင့် […]

Read article
Aggregated News Jobs via Migrant Times

ချင်းမိုင် ကားဂိတ်မှာ ယာဉ်လိုင်းရှာမတွေ့တဲ့ မြန်မာခရီးသည်ကို ထိုင်းရဲကူညီ

ထိုင်းနိုင်ငံမြောက်ပိုင်း ၊ ချင်းမိုင်မြို့ရှိ အာခိတ်ကားဂိတ်မှာ ယာဉ်လိုင်းရှာမတွေ့သည့် မြန်မာခရီးသွား ၂ ဦးအား ကားပေါ်သို့ စနစ်တကျ တင်ပေးခဲ့ကြောင်း ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့ကယနေ့ထုတ်ပြန်သည်။ ယနေ့ (၂၄ ဇူလိုင် ) မွန်းလွဲ ၂ နာရီတွင် ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့ဝင်များသည် အွန်လိုင်းလက်မှတ်တွင် ဖော်ပြထားသော မော်တော်ယာဉ်လိုင်း ကောင်တာအား ရှာမတွေ့ဘဲဖြစ်နေသည့် မြန်မာခရီးသွား ၂ ဦးအား ကူညီပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ်လိုင်းသည် အွန်လိုင်းလက်မှတ်ဝယ်ယူသည့် အက်ပလီကေးရှင်းတွင် စတင် ပါဝင်ပြေးဆွဲပေးခြင်းဖြစ်သောကြောင့် ယာဉ်လိုင်း၏ ကောင်တာသည် ခရီးသွားများအတွက် ရှာရခက်နေကြောင်း ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့က ပြောကြားသည်။ #MigrantTimes #ချင်းမိုင် #ရွှေ့ပြောင်း #မြန်မာလုပ်သား #ထိုင်း #Thailand

Read article
Aggregated News Business via BBC News မြန်မာ

မက္ကဆီကိုမှာ ဖန်တနဲလ်ထုတ် မူးယစ်ရာဇာလို့ စွပ်စွဲခံရတဲ့တရုတ်ဘွဲ့ရ

လူဆိုးဂိုဏ်းအဖွဲ့ဝင်တွေနဲ့ အရင်လုပ်တွဲလုပ်ဖူးသူတွေကတော့ ကျန်းကျီးဒုံဟာ တရုတ် ဓာတုပစ္စည်းတွေ၊ မက္ကဆီကိုက မူးယစ်ဆေးဝါးထုတ်တဲ့ဓာတ်ခွဲခန်းတွေနဲ့ဆက်စပ်တယ်လို့ဆိုပြီး ပြောပြလာကြပါတယ်။

Read article
Aggregated News Business via BBC News မြန်မာ

ရန်ကုန်ဘူတာကြီးမှာ ပျောက်ဆုံးခဲ့တဲ့ ၅ နှစ်သားကလေးရဲ့ ၄ နှစ်နီးပါးကြာ အိမ်ပြန်ခရီး

မောင်အောင်မင်းခန့်ရဲ့ဖြစ်စဉ်က မိသားစုနဲ့ကွဲကွာပြီး လမ်းပေါ်ရောက်သွားတဲ့ ကလေးတွေ၊ တောင်းရမ်းခိုင်းစေမှုနဲ့ ကလေးလုပ်သားခိုင်းစေမှုတွေကို ရင်ဆိုင်နေရတဲ့ကလေးတွေရှိနေတာကို မီးမောင်းထိုးပြပါတယ်။

Read article
Aggregated News Jobs via Migrant Times

ချွန်ဘူရီမှာ အလုပ်ရှာဖို့ငွေယူတဲ့ မြန်မာပွဲစား ၃ ဦးဖမ်းခံရ

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်မှာ တရားမဝင် ပွဲစားလုပ်ကာ အလုပ်သမားဆီက ငွေတွေယူနေတဲ့မြန်မာနိုင်ငံသား ၁ ဦးနဲ့ မြန်မာ ယာဉ်မောင်း ၂ ဦး ကိုဖမ်းဆီးခဲ့တယ်လို့ ချွန်ဘူရီ အလုပ်အကိုင်ရှာဖွေရေးဌာနကပြောပါတယ်။ သူတို့ ၃ ဦးဟာ အလုပ်သမားတွေဆီက စာရွက်စာတမ်းခ အဖြစ် တစ်ဦးကို ဘတ် ၈,၅၀၀ ယူဆောင်ခဲ့တယ်လို့ နစ်နာခဲ့တဲ့ အလုပ်သမား ၂၀ ဦးကတိုင်ကြားခဲ့တာကြာင့် အရေးယူခဲ့တာလို့ သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့မှာ အလုပ်သမားတွေရဲ့ တိုင်ကြားချက်အရ ချွန်ဘူရီခရိုင် အလုပ်အကိုင်ရှာဖွေရေးအရာရှိတွေနဲ့ တာဝန်ရှိသူတွေက မြန်မာပွဲစား ၁ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ မြန်မာပွဲစား ကစာရွက်စာတမ်းအတွက် ငွေကြေး ကောက်ခံခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ စစ်ဆေးနေစဉ်အတွင်း တိုင်ကြားသူ ၂၀ ဦးဟာ ချွန်ဘူရီခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးကို […]

Read article
Aggregated News Overseas Workers via Migrant Times

ရယောင်းမှာ မြန်မာ ၊ တရုတ်နဲ့ ကမ္ဘောဒီးယား လုပ်သား ၄၃ ဦးကို ထိန်းသိမ်း

ထိုင်းနိုင်ငံ ၊ ရယောင်းခရိုင်ရှိ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ၊ တရုတ်နဲ့ ကမ္ဘောဒီးယား လုပ်သား ၄၃ ဦးကိုအာဏာပိုင်တွေက ဇူလိုင် ၂၁ ရက်မှာ စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ အရာရှိတွေက ရယောင်းခရိုင်၊ နိခွမ်ဖတ်ထနာ (Nikhom Phatthana) မြို့နယ်ရှိ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံသား ၃၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးနဲ့ တရုတ်နိုင်ငံသား ၅ ဦးတို့ကို ထိန်းသိမ်းခဲ့ပါတယ်။ ရယောင်းခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးကတော့ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို စိစစ်ဖို့အတွက် ဆောင်ရွက်ခဲ့တာလို့ပြောပါတယ်။ အလုပ်သမား ၄၃ ဦးကို လူဝင်မှုကြီးကြပ်ရေးနဲ့ လုပ်သားဥပဒေတွေ ချိုးဖောက်ပြီး အလုပ်လုပ်ကိုင်နေခြင်း ရှိမရှိစစ်ဆေးပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။ Photo – Khaosod […]

Read article
Aggregated News Jobs via Migrant Times

ချွန်ဘူရီမှာ ကွန်ဒို ၈ ထပ်ကပြုတ်ကျတဲ့ မြန်မာကျောင်းသူ ဒဏ်ရာပြင်းထန်

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်ရှိ ကွန်ဒိုမီနီယံတစ်ခုရဲ့ ၈ ထပ်မြောက်က ပြုတ်ကျခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မြန်မာကျောင်းသူ ၁ ဦးဟာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ ဒီဖြစ်စဉ်ဟာ ဇူလိုင် ၂၀ ရက်နေ့၊ ညနေ ၅ နာရီခွဲ ခန့်မှာ ဖြစ်ပွားခဲ့တာပါ။ ဆီရာချာရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ သတင်းပေးပို့ချက်အရ အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံသူ အဆိုပါမိန်းကလေးကို ကွန်ဒိုမီနီယံ ဘေးမှာ သတိလစ်မေ့မြောနေတာကို တွေ့ရှိခဲ့ပါတယ်။ သူမကို ဘယ်ဘက်လက်မောင်းကျိုး၊ ညာဘက်ခြေထောက်ကျိုးနဲ့ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေက ရှေးဦးပြုစုခြင်းတွေလုပ်ပေးပြီး ဆေးရုံကိုပို့ဆောင်ခဲ့ပါတယ်။ မြန်မာကျောင်းသူပြုတ်ကျစဉ်မှာ အောက်မှာ ရပ်ထားတဲ့ ဟွန်ဒါဝေ့ဗ် ဆိုင်ကယ်တစ်စီးလည်း ထိမှန် ပျက်စီးခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းတစ်ဦးကလည်း […]

Read article
Aggregated News Jobs via Migrant Times

လာအိုရှိ အွန်လိုင်း လိမ်လည်မှုဂိုဏ်းကိုဝင်စီး ထိုင်း ၄၀၀ နီးပါးဖမ်းခံရ

လာအိုနိုင်ငံ၊ ဗီယင်ကျန်း(Vientiane)မြို့တွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားဂိုဏ်းတစ်ခုကို နှိမ်နင်းခဲ့ပြီး သံသယရှိသူ ၆၀၀ နီးပါးကို ဖမ်းမိခဲ့ရာ ယင်းတို့၏ ထက်ဝက်ကျော်မှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။ ယနေ့ ၊ ဇူလိုင်လ ၂၁ ရက်တွင် လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ “Peace” ၌ ဗီယင်ကျန်းမြို့ရှိ အဓိက လိမ်လည်မှုဂိုဏ်းကြီးတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ရာ သံသယရှိသူ ၆၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့၏ ထက်ဝက်ကျော် ၄၀၀ နီးပါးမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။ ယင်းစီးနင်းမှုကို ဇူလိုင်လ ၁၈ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လိမ်လည်မှုများ တိုက်ဖျက်ရေး အထူးတပ်ဖွဲ့သည် နယ်လှည့်တပ်ဖွဲ့များနှင့်အတူ ဗီယင်ကျန်းမြို့၊ ဟတ်ဆိုင်းဖုန်း၊ ဗန်ဒေါင်းဖိုစီရှိ ငှားရမ်းထားသော […]

Read article
Aggregated News Business via Migrant Times

ချင်းမိုင်ရှိ နေရာ ၁၈ ခုကိုရဲတပ်ဖွဲ့ဝင်စီးပြီး အမည်ခံကွန်ရက်ကိုဖမ်း

ထိုင်းနိုင်ငံမြာက်ပိုင်း ၊ ချင်းမိုင်မြို့ရှိ နေရာ ၁၈ ခုကို လူအင်အား ၂၅၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး နီုင်ငံခြားသားများအား နိုမီနီ (အမည်ခံ)ပေးသည့်ကွန်ရက်ကိုဖော်ထုတ်မှု စတင်ခဲ့ကြောင်း ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ နိုမီနီ (အမည်ခံ)ကွန်ရက်ကြောင့် ချင်းမိုင်တစ်ခွင်တွင် အမှုပေါင်း ၃၁ မှုရှိကာ စုစုပေါင်း ဘတ် ၆၃၃ သန်းကျော် ဆုံးရှုံးနစ်နာမှု ဖြစ်ပွားစေခဲ့ကြောင်းဖော်ပြသည်။ ယနေ့ ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ချင်းမိုင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ကွန်ရက်စစ်ဆင်ရေးဟုအမည်ပေးထားသည့် စစ်ဆင်ရေးကို စတင်ခဲ့ကြောင်း ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ တာဝန်ရှိသူများသည် ယနေ့၊ နံနက်တွင်ချင်းမိုင်ခရိုင်၊ ချိုင်းယားဖွန် (Chaiyaphum) မြို့နယ်၊ ခန်ခါနုတ် အတွင်းရှိ နေရာ ၄ ခုကို ဝင်ရောက်စီးနင်းခဲ့ရာ အိမ်တစ်အိမ်ချင်းစီကို ကုမ္ပဏီတစ်ခုစီ၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုထားပြီး […]

Read article

Email alerts

Get notified when new embassy notices or diaspora news are published. Unsubscribe anytime.

Notify me about